အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုအနေဖြင့် ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်း၏ကွင်းလယ်လူ ဖာဘင်ဟိုကိုခေါ်ယူရန် လက်မလျော့သေးကြောင်းသိရှိရသည်။

ယမန်နှစ်ဘောလုံးရာသီက ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းနှင့်အတူ ပြင်သစ်လီဂူးအမှတ်ပေးဒိုင်းကိုရခဲ့သော ဘရာဇီးကွင်းလယ်လူဖာဘင်ဟိုသည် မိုနာကိုအတွက် ခြွေမ်းကောင်းများစွာပြသနိုင်ခဲ့သူဖြစ်သည်။

ကွင်းလယ်လူဖာဘင်ဟိုအတွက် မိုနာကိုအသင်းသည် ပြောင်းရွှေ့ကြေးပေါင်သန်း၅ဝထိအလိုရှိနေပြီး မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုကလည်း ဖာဘင်ဟိုအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း၅ဝပေးရန်အသင့်ရှိနေကြာင်းသိရသည်။

Hein  

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။