source - FATE twitter

Europe Region က cs:go team တစ်ခုဖြစ်တဲ့ FATE Esports ကတော့ ပြီးခဲ့တဲ့ 7 လပိုင်း 29 ရက်နေ့က အသင်းရဲ့ coach ဖြစ်သူ Bibby ကိုဆုံးရှုံးလိုက်ရတာကြောင့် သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက် coach တစ်ယောက်ကိုလိုက်လံရှာဖွေနေခဲ့ပါတယ်။

FATE အနေနဲ့ အသင်းနဲ့လည်း အဆင်ပြေပြီး experience လည်းကောင်းတဲ့ coach ကိုရှာဖွေနေရင်းနဲ့ ပြီးခဲ့တဲ့နာရီပိုင်းလောက်မှာတော့ soLo ကို coach အဖြစ် ခေါ်ယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

soLo ကတော့ အသက် 31 နှစ်အရွယ်ရှိနေပြီဖြစ်ပြီး 2017 ခုနှစ် 10 လပိုင်းထဲက Valiance အသင်းမှာ coach ဘဝကိုစတင်ခဲ့သူပဲဖြစ်ပါတယ်။

soLo ဟာ cs:go teams တွေကို coach လုပ်လာတာ လေးနှစ်လောက် ရှိနေပြီဖြစ်ပြီး experience ကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ coach တစ်ဦးပဲဖြစ်ပါတယ်။

soLo coach အဖြစ်တာဝန်ယူမယ့် FATE Esports ရဲ့ roster ကတော့

Nikolay "⁠niki1⁠" Pantaleev

Yanko "⁠blocker⁠" Panov

Martin "⁠mar⁠" Kuyumdjiev

Ivan "⁠Patrick⁠" Ivanov

Deyvid "⁠h4rn⁠" Benchev

တို့ပဲဖြစ်ပါတယ်။

soLo အနေနဲ့လည်း FATE အသင်းနဲ့အတူ သူ့ရဲ့ပြောက်ဆုံးနေတဲ့ champion ဆုတွေကို ရယူသွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

source - FATE Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။