ကိုလံဘီယာနိုင်ငံ အနောက်မြောက်ဘက်မှာ ခရီးသည်တင် သင်္ဘောနစ်မြုပ်မှုဖြစ်ပွားခဲ့တဲ့ အတွက် လူ (၉)ဦးသေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း BBC News မှာဖော်ပြထားပါတယ်။ 

Medellínမြို့အရှေ့ဘက်မိုင်(၃၀)နီးပါးမှာရှိတဲ့Guatapéမြို့မှာအဆိုပါသင်္ဘောကနစ်မြုပ်သွားတာဖြစ်ပြီးလူ(၃၀)နီးပါးပျောက်ဆုံးနေကြောင်းနဲ့လူ(၂၀)ကျော်ကိုတော့မြို့က ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သတင်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အခင်းဖြစ်အကြောင်းရင်းကိုတော့ စစ်ဆေးနဲဆဲဆိုပေမယ့်သင်္ဘောမနစ်မြုပ်ခင် သင်္ဘောပေါ်မှာ ခရီးသည်(၂၀၀)နီး ပါးလိုက်လာကြောင်း မျက်မြင်အချို့ကဆိုထားပါတယ်။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။