အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကတော့ ဘုန်းမောက်အသင်းနှင့်အငှားစာချုပ်ပြည့်လို အာဆင်နယ်အသင်းနဲ့ပြန်ပူးပေါင်းလာတဲ့ ကွင်းကွယ်လူ ဝီရှိုင်းယားကို အားလပ်ရက်ပိုပေးလိုက်ပါတယ်။

အာဆင်နယ်အသင်း ကွင်းကွယ်လူ ဝီရှိုင်းယားအနေနှင့် ဘုန်းမောက်အသင်းမှာ အငှားကစားစဉ်က အင်္ဂလန်ပရီးမီးယားလိဂ် ရာသီသိမ်းခါနီးမှာ ခြေကျိုးတဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် ဒဏ်ရာမှသက်သာလာစေရန် အာဆင်နယ်အသင်းက အားလပ်ရက်ပိုပေးလိုက်တာပါ။

အားလပ်ရက်ကြောင့် အသက်၂၅နှစ်ရှိပြီး အင်္ဂလန်ကစားသမား အာဆင်နယ်အသင်းကွင်းကွယ်လူ ဝီရှိုင်းယားအနေနှင့် အာဆင်နယ်၏ရာသီကြိုပွဲစဉ်တွေမှာ ဝင်ရောက်ကစားရန်မလိုတော့သလို မကြာသေးခင်ကမှ လက်ထပ်ထားသူဖြစ်သောကြောင့် ဟန်နီမွန်းအတွက်ရက်ပိုရတယ်လို့ဆိုရမှာပါ။

Hein 

သတင်းအရင်းမြစ် The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။