Sport လောကမှာ ဘယ်ကဒ်မှ LeBron James ရဲ့ Basketball Card ကို ဈေးလိုက်မှီနိုင်မယ်မထင်ပါဘူး။ စံချိန်တင်ရောင်းနိုင်ခဲ့တဲ့ Basketball Card ရဲ့ဈေးဟာဆိုရင် $1.845 million ပဲဖြစ်ပါတယ်။ အဲ့ဒီလောက် ဈေးရရှိနိုင်မယ့် ကဒ်ကို ဘယ်သူ့ကဒ်ကရောင်းနိုင်မယ်ထင်ပါသလဲ။ Basketball ဟာဆိုရင်လဲ ဘောလုံးလောက်လူကြည့်မများပေမယ့် ကြည့်တဲ့နေရာတိုင်းမှာ အမာခံပရိသတ်တွေ Basketball နဲ့ပတ်သတ်လို့ အလေးထားသူတွေရှိကြပါတယ်။ သူတို့ရဲ့ Idol ပစ္စည်းတွေကိုလဲ ဈေးဘယ်လောက်ပေးရပေးရ ဝယ်မယ့်သူတွေလဲရှိပါတယ်။ ဒါကတော့ ဘယ်လောကမှာမဆို ကိုယ့် Idol နဲ့ပတ်သတ်တဲ့အရာတွေကို စုချင်တဲ့သူကတော့ ရှိစမြဲပါပဲ။ 

Photo Credit : Guinness world records
Photo Credit : Guinness world records

ကဒ်ဟာဆိုရင် ၂၀၀၃ - ၂၀၀၄ ခုနှစ်တုန်းက ကဒ်ဖြစ်ပြီး LeBron James ရဲ့ လက်မှတ်ပါဝင်ပါတယ်။ အဲ့ဒီကဒ်ဟာဆိုရင် Guinness World Records မှာ အွန်လိုင်းလေလံတင်ဈေးကွက်မှာ ဈေးအကြီးဆုံး ရရှိတဲ့ Basketball Trading Card အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ LeBron James ဟာဆိုရင် အမေရိကန် Professional Basketball Player တစ်ယောက်ဖြစ်ပြီး NBA သမိုင်းမှာလဲ နာမည်အကြီးဆုံးသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တော်တော်များများဟာလဲ သူနဲ့ Michael Jordan နဲ့ယှဉ်ကြလေ့ရှိပါတယ်။ တချို့ကျတော့လဲ Greatest Basketball Player Of All Time စာရင်းထဲမှာ ထည့်သွင်းအသိအမှတ်ပြုကြပါတယ်။ တကယ်လဲသူဟာ တော်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကြောင့်ပဲ သူရဲ့ကဒ်ဟာ စံချိန်တင်ရောင်းနိုင်ခဲ့တဲ့ ဈေးကိုရရှိခဲ့တာဖြစ်ပါတယ်။ 

Photo Credit : Guinness world records

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။