အပန်းဖြေစခန်းတစ်ခုမှာ တောင်တက်ကေဘလ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့တဲ့ အတွက် လူ(၇)ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောကြားခဲ့ကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။

အခင်းဖြစ်နေရာကတော့ အိန္ဒိယနိုင်ငံကက်ရှ်မီးယားဒေသGulmargအပန်းဖြေစခန်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတောင်တက်ကေဘလ်ကားပေါ်က ၀ါယာ ကြိုးတွေပြတ်တောက်သွားခဲ့ပြီး နောက်ပိုင်းမြေပြင်ပေါ်ကိုပြုတ်ကျခဲ့တာကြောင့်သေဆုံးခဲ့ကြဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ 

အမြင့်ပေ(၁)သောင်းကျော်မှာရှိပြီးကမ္ဘာ့အမြင့်ဆုံးတောင်တက်ကေဘလ်ကားတွေတည်ရှိရာနေရာတွေထဲကတစ်ခုဖြစ်တယ်တဲ့အဆိုပါအခင်းဖြစ်တည်နေရာမှာလေပြင်းတွေတိုက်ခိုက်နေတာကြောင့်အခြားတောင်တက်ကေဘလ်ကားတွေထဲမှာလည်းပိတ်မိနေသူတွေရှိနေကြောင်းနဲ့လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေပါတယ်။

Aung  

သတင်းအရင်းမြစ် CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။