Photo credit - Starladder

Sccc ရဲ့နာမည်အရင်းကတော့ Song Chun ဖြစ်ပြီး သူ့ကိုမွေးဖွားခဲ့တာကတော့ 1995 ခုနှစ် 8 လပိုင်း 18 ရက်နေ့မှာပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံသားလေး Sccc Dota2 pro Scene ကိုရောက်ရှိလာခဲ့တာကတော့ 2015 ခုနှစ် အစောပိုင်းလောက်ကဖြစ်ပြီး Newbee.Y အသင်းမှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Sccc ဟာ တော်တော်လေးလည်းကြိုးစားခဲ့သလို သူ့ရဲ့ performance တွေကကောင်းမွန်လှတာကြောင့် 2016 ခုနှစ် 9 လပိုင်းလောက်မှာ Newbee Main အသင်းကိုရောက်ရှိလာခဲ့ပါတယ်။

Newbee main အသင်းကိုရောက်ရှိလာပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့

Ti7 တုန်းကလည်း Sccc ဟာ အရမ်းကြိုးစားခဲ့သလို Ti7 တုန်းက သူလုပ်ပြခဲ့တဲ့ performance တွေဟာ အခုထိမေ့လို့မရနိုင်သေးပါဘူး။

ဒါ့အပြင် Sccc ဟာ Ti champion ဖြစ်နိုင်ဖို့အတွက် အရမ်းကိုနီးကပ်ခဲ့ပေမယ့်လည်း အသင်းရဲ့ carry player Moogy ရဲ့ အမှားတွေကြောင့် Grand Final မှာ Team Liquid ကို 3:0 နဲ့ရှုံးနိမ့်ခဲ့ပြီး Ti Champion အိမ်မက်နဲ့ ဝေးကွာခဲ့ရတာပဲဖြစ်ပါတယ်။

Ti 7 ပြီးတဲ့နောက် Sccc ဟာ Newbee အသင်းနဲ့အတူ အကောင်းဆုံးရလာဒ်တွေရရှိနိုင်စေဖို့ ထပ်မံကြိုးစားခဲ့ပေမယ့်လည်း ကြိုးစားသမျှ အရာမထင်ခဲ့ဘဲ အရှုံးရလာဒ်တွေနဲ့ သာကြုံတွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် Ti9 အပြီးမှာတော့ Sccc ဟာ သူ့ရဲ့မိသားစုလိုဖြစ်နေတဲ့ NewBee အသင်းကနေထွက်ခွာခဲ့ပြီး Team Aster ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Team Aster ကိုရောက်ရှိလာချိန်မှာတော့ Sccc ဟာ သူကစားနေကြ mid role ကနေ carry role ကိုပြောင်းလဲကစားခဲ့ပါတယ်။

ဒါ့အပြင်ဟာ Sccc ဟာ Team Aster ကိုရောက်ခါစမှာ Lengdary player Burning ရဲ့ ဦးဆောင်မှုတွေနဲ့အတူ performance တွေ သိသိသာသာပိုမိုကောင်းမွန်လာခဲ့တာတွေ့ရသလို StarLadder ImbaTV Dota 2 Minor Season 3 မှာ Champion ဆုကိုပါရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ Sccc ဟာ Team Aster နဲ့အတူ champion ဆုတွေနဲ့ဝေးကွာခဲ့ပြီး အရင်ကလောက် performance တွေသိပ်မပြနိုင်တာကို တွေ့ရပါတယ်။

သိပ်မကြာခင်မှာဆိုရင်လည်း Sccc ဟာ Team Aster နဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အခြားသော Dota 2 team တစ်ခုကို ပြောင်းရွှေ့ကစားဖွယ်ရှိနေပါတယ်။

အရမ်းကြိုးစားတဲ့ Sccc တစ်ယောက်ကတော့ ဘယ်အသင်းပဲရောက်ရောက် အမြဲတောက်ပနေဦးမှာပါပဲ။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။