photo credit - dotabuff.com

Shodow shaman ဆိုတဲ့ hero ကတော့ early game ရော late game မှာပါ တော်တေ်ာလေး useful ဖြစ်တဲ့ ကျနော့်အကြိုက် supp hero တစ်ကောင်ပဲဖြစ်ပါတယ်။

သူ့ရဲ့ skill 1 Ether shock ဟာ တဆင့်ထဲ ယူရုံနဲ့ကို enemy hero ပေါ်ကို damage 140 သက်ရောက်စေသလို ဒီလောက် ပမာဏ damge ဟာလည်း early game မှာ တော်တော်လေး အထိနာစေမှာပဲဖြစ်ပါတယ်။

Shaman ဆိုတဲ့ hero ဟာ basic damage ကလည်း 74 အထိရှိတာကြောင့် Wind Lace ဝယ်ပြီး physical လိုက်ပစ်ရင်တောင် တော်တော်လေးနာတဲ့ hero တစ်ကောင်ပါပဲ။

အများစု shaman players တွေကတော့ early game မှာ skill 2 hex ကိုမယူဘဲ skill 1 ether shock နဲ့ skill 3 shackles ကိုပဲ ယူပြီး ဆော့ကြတာများပါတယ်။

တချို့ playaers တွေကတော့ hex နဲ့ shackles ယူပြီးဆော့ကြပါတယ်။

သူ့ရဲ့ ulti Mass Serpent Ward ဟာဆိုရင်လည်း တခါချလိုက်တာနဲ့ enemy team ရဲ့ tower တွေကို ချိုးဖို့အတွက် တော်တေ်ာလေး အထောက်အပံ့ပေးပါတယ်။

Team fight တွေမှာပဲဖြစ်ဖြစ် roshan battle တွေမှာပဲဖြစ်ဖြစ် shaman ရဲ့ ulti ဟာတော်တော်လေးကို အသုံးဝင်ပါတယ်။

Late game ရောက်လာတဲ့အခါမှာဆိုရင်လည်း Aghanim’s scepter သာပါလာရင် ulti ချတာနဲ့ mega တစ်လမ်းရဖို့က သေချာသလောက်ပါပဲ။

Shaman players အများစုကတော့ arcane boots တို့ aether lens တို့ dagger လို Items မျိုးတွေကို ပထမဦးဆုံး သွားကြပါတယ် ။

ဒါတွေပြီးသွားရင်တော့ တကယ်ဆက်သင့်တဲ့ Aghanim’s scepter တို့ refresher orb လို item မျိုးတွေသွားသင့်ပါတယ်။

တခြား items built တွေကတော့ ပွဲအခြေအနေအပေါ် မူတည်ပြီးသွားသင့်ပါတယ်။

ဥပမာ force staff တို့ BKB တို့ Aeon Dick လို item မျိုးတွေပါ…။

Tlent အနေအထားမှာဆိုရင်လည်း level 10 talents မှာ +175 health ထက် + 140 Shackles Total Damge ကိုပိုကြိုက်ပေမယ့် တဖက်အသင်း အတွက် ကိုယ်ဟာ paper hero လိုမျိုးခံစားနေရရင်တော့ +175 health ကိုယူသင့်ပါတယ်။

Level 15 talent မှာဆိုရင်တော့ -4.5s Hex Cooldown ထက် အများဆုံး shaman players တွေယူကြတာက + 100 cast range ပါ ။ ဒါကလည်း aether lensလိုမျိုး item နဲ့ပေါင်းလိုက်မယ်ဆိုရင် အဝေးကြီးကနေ spell ပေးနေနိုင်တာက team fight နိုင်ဖို့အတွက်ကို တော်တော်လေး အထောက်အကူပြုနိုင်ပါတယ်။

Level 20 talent မှာဆိုရင်တော့ မြွေတိုင်အသားပေးပြီး ဆော့တဲ့ player တွေကတော့ +1 serpent ward hp ကိုယူသင့်ပြီး disable ပေးဖို့သက်သက်ဆိုရင်တော့ +2 sec shackle duration ကလည်းတော်တော်ယူချင်စရာကောင်းတဲ့ talent တစ်ခုပါပဲ။

Level 25 talent မှာဆိုရင်လည်း မြွေတိုင် အသားပေးဆော့တဲ့ players တွေအတွက်ကတော့ +30 wards attack damage ဟာ တော်တော်လေး ယူသင့်တဲ့ talent ပဲဖြစ်ပါတယ်။

နောက်ထပ် Level 25 talent တစ်ခုဖြစ်တဲ့ +340 ether shock damage ကလည်း late game creeps ရှင်းတဲ့ နေရာမှာပဲဖြစ်ဖြစ် damage ပေးတဲ့နေရာမှာပဲဖြစ်ဖြစ် အသုံးဝင်တဲ့ talent တစ်ခုဖြစ်တာကြောင့် ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး ယူနိုင်ပါတယ်။

Myanmarload Esports........................

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။