အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏ ဂန္တဝင်ကစားသမား သူရဲနီကွင်းလယ်လူ ရိုင်ယန်ဂစ်ကတော့ သူ့လူငယ်ကစားသမားဘဝကတည်းကဆော့ခဲ့တဲ့ မန်ချက်စတာယူနိုင်တက်အသင်းကနေ မနှစ်ကရာသီမှာထွက်ခွာခဲ့ပါတယ်။

သူရဲနီကွင်းလယ်လူ ရိုင်ယန်ဂစ်က မန်ချက်စတာယူနိုင်တက်အသင်းကနေ မနှစ်ကရာသီမှာထွက်ခွာခဲ့ရတာက နည်းပြသစ်မော်ရင်ဟိုအနေဖြင့် သူ့ကို လက်ထောက်နည်းပြအဖြစ်မခန့်အပ်ခဲ့သောကြောင့်ဟု ပြောကြားခဲ့ပါတယ်။ 

သူရဲနီကွင်းလယ်လူ ရိုင်ယန်ဂစ်က မန်ချက်စတာယူနိုင်တက်အသင်းမှာ ကစားသမားဘဝတစ်ခုလုံးဆော့ခဲ့သလို ကစားသမားဘဝကနားတော့လည်း မန်ချက်စတာယူနိုင်တက်အသင်းမှာမိုယက်အဖြုတ်ခံရစဉ်က ယာယီနည်းပြလုပ်ခဲ့ပြီး နည်းပြဗန်ဟားရဲ့လက်ထောက်နည်းပြအဖြစ်လုပ်ခဲ့သော်လည်း မနှစ်ကရာသီမှာ မန်ချက်စတာယူနိုင်တက်အသင်းကနေ ထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။