Eudora ဟာဆိုရင် ခုလက်ရှိ Meta ထဲမှာတော့ မပါဝင်ပေမယ့် Stun တွေတော့ကောင်းကောင်းပေးနိုင်ပါတယ်။ တစ်ကောင်ဆိုတစ်ကောင် အပြတ်ဖြတ်နိုင်တဲ့ Burst Damage အကြမ်းစား ပေးနိုင်တဲ့ Hero ဖြစ်ပါတယ်။ ဒါပေမယ့်လဲ Player တွေဟာ မကိုင်တော့ကြတဲ့အတွက် ပွဲတွေမှာတွေ့ရနည်းသွားပါတယ်။ Mobile Legends ရဲ့ Developer တွေဟာလဲ ခုချိန်မှာ Hero တွေကို Balanced ဖြစ်ဖို့အတွက် Hero တွေကို ပြုပြင်နေလျက်ရှိပါတယ်။ အောက်မှာတော့ Eudora Revamp အကြောင်း အနည်းငယ် ရှင်းပြထားပါတယ်။ 

သူရဲ့ Passive ကတော့ အောက်ကအဖြူတန်းက အနီတန်းဖြစ်သွားရင် Basic Attack က Player တွေ တွေ့တဲ့အတိုင်း ထုချမှာဖြစ်ပါတယ်။ အနီးတန်းများရင်များသလောက် Magic Damage ပေးပြီး ရန်သူ Armor 50 ကိုလျော့ချပါတယ်။ Passive ကတော့ သူ့ကို Damage ထိတိုင်း ထိသလောက်ရမှာဖြစ်ပါတယ်။ Skill 1 ကတော့အရင်လိုပဲဆိုပေမယ့် Damage ကိုမြင့်ပေးလိုက်ပြီး Rage အရှည်ကို ပိုရှည်ပေးလိုက်ပါတယ်။ Skill 2 ကတော့ အရင်က Counter Damage ကိုဖျောက်ပေးလိုက်ပါတယ်။ Ultimate ကတော့အရင်လိုပါပဲ။ Player တွေလဲ ဆော့ရတာကျေနပ်မယ်ထင်ပါတယ်။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။