ဘဝမှာ တော်ဝင်မျိုးနွယ် မဖြစ်ချင်ခဲ့တဲ့ အချိန်တစ်ချိန် ရှိခဲ့ဖူးတယ်လို့ ဗြိတိန် တော်ဝင် မင်းသား ဟယ်ရီက ဖွင့်ဟ ပြောဆိုလိုက်ကြောင်း CNBC သတင်းမှာဖော်ပြထားပါတယ်။

နယူးစ် ၀ိခ် မဂ္ဂဇင်း နဲ့ အင်တာဗျူးမှာ ဟယ်ရိက “မိခင် မင်းသမီး ဒိုင်ယာနာကို ဆုံးရှုံးမှုနဲ့အတူအသက် ၂၀ အရွယ်မှာ ခံစားခဲ့ရတဲ့ စိုးရိမ်ကြောက်ရွံမှုတွေအကြောင်း”ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားတာပါ။ 

လက်ရှိမှာတော့ တော်ဝင်မင်းသားတစ်ပါးအနေနဲ့ နေသားကျနေပြီး လူတွေနဲ့ အရောတဝင်နေခြင်းအပါအဝင် အများသူငါ ရယ်မောအောင် လုပ်တတ်နေနိုင်ပြီဖြစ်ကြောင်း ဖြည့်စွက်ကာ ဗြိတိန် တော်ဝင် မင်းသား ဟယ်ရီက ပြောကြားခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် CNBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။