အောက်တိုဘာ ၁၅ ရက် တွင် ကျရောက်သည့် မျက်မမြင် လမ်းလျှောက်တုတ်နေ့အခမ်းအ နား၌ လုပ်အားပေးဖြစ်ခဲ့ကြောင်း သရုပ်ဆောင်ထွန်းကိုကိုက ပြော သည်။

‘‘သုံးနှစ်ရှိပါပြီ။ နှစ်တိုင်းလို လိုတော့ သွားလျှောက်ဖြစ်တယ်။ မျက်မမြင်လမ်းလျှောက်တုတ်နေ့ ပေါ့။ သူတို့လမ်းလျှောက်တဲ့တုတ် လေးတွေက သူတို့သွားချင်တဲ့နေ ရာတွေကို သွားပေးနိုင်တယ်။ ခလုတ်မထိ ဆူးမငြိအောင် ကူညီ ပေးတယ်။ အဲဒီတုတ်လေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ထားတဲ့နေ့ လေးပေါ့။ ဒီနေ့လည်း အရင်နှစ် တွေလိုပဲ သူတို့နဲ့အတူလမ်း လျှောက်ပေးတယ်။ အားပေး စကားတွေပြောတယ်။ ပျော်ပျော် ပါးပါးပဲ လမ်းလျှောက်ပွဲတော်မှာ ပါဝင်ခဲ့ပါတယ်’’ဟု ထွန်းကိုကိုက ပြောသည်။

ထွန်းကိုကိုသည် ကျော်သူ ကွန်ရက်၏ KAmubulance တွင် လည်း အသင်းသားအဖြစ် ပါဝင် ဆောင်ရွက်ဖြစ်သည်ဟုဆိုသည်။

‘‘ရုပ်ရှင်နေ့ကလည်း သက် ကြီးရွယ်အိုတွေရှိတော့ တစ်ခုခုဆို ကယ်ဆယ်စောင့်ရှောက်လို့ရ အောင် K Ambulance က ကား နှစ်စီးနဲ့ ကူညီပေးခဲ့ပါတယ်’’ဟု အောက်တိုဘာ ၁၃ ရက်က အဆို ပါအသင်းနှင့်အတူ ဆောင်ရွက် ဖြစ်ခဲ့သည့်အကြောင်း ပြော သည်။လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် အောက်တို ဘာ ၁၅ ရက် နံနက်က ကန်တော့ ပွဲပေးခဲ့သည့် “ကြေးကြီးတယ်”ရုပ် ရှင်ဇာတ်ကားတွင်ပါဝင်သရုပ် ဆောင်ရန် အစီအစဉ်ရှိပြီး ဒါရိုက် တာစတီးလ် ရိုက်ကူးမည်ဖြစ်ကာ ၎င်းနှင့်အတူ မြင့်မြတ်၊ နေမျိုး အောင်၊ ဇွဲနိုင်ဝင်း၊ အိချောပို၊ မေ မြတ်နိုးတို့ ပါဝင်သရုပ်ဆောင် ထားသည်ဟု သိရသည်။

‘‘အဲဒီကားမှာတော့ တခြား ကားတွေနဲ့မတူတဲ့ ကာရိုက်တာ မျိုးယူထားတယ်။ ကြည့်လိုက်ရင် အရမ်းချမ်းသာတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ယောက်၊ သို့သော် ဗီလိိန်ဆန်ဆန်သူဌေးပုံစံ သရုပ် ဆောင်ထားတယ်’’ဟု “ကြေးကြီး တယ်” ရုပ်ရှင်ဇာတ်ကားတွင် ပါ ဝင်သရုပ်ဆောင်ရမည့် ဇာတ်ရုပ် ကို ပြောသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။