photo credit - Vici Gaming Weibo

လွန်ခဲ့တဲ့ရက်တွေထဲက ထွက်ရှိခဲ့တဲ့ ကောလဟာလတွေထဲကအတိုင်း Yang ကတော့ Vici Gmaing ကနေတကယ်ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။

Yang ကတော့ Vici Gaming နဲ့ရှိနေတဲ့ သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတာနဲ့ အသင်းကနေထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း Vici Gaming က သူတို့ရဲ့ weibo မှာကြေညာခဲ့ပါတယ်။

Yang ဟာ Vici Gaming ကို 2015 ခုနှစ် 3 လပိုင်းထဲက စတင်ရောက်ရှိလာခဲ့တဲ့ player တစ်ယောက်ဖြစ်ပီး လူငယ်အသင်းကနေ main အသင်းကို 2016 ခုနှစ် 9 လပိုင်းမှာ ပြောင်းရွှေ့ကစားခွင့်ရခဲ့တဲ့ Player တစ်ဦးပဲဖြစ်ပါတယ်။

အဲ့ဒီနောက် 2017 ခုနှစ် 9 လပိုင်းလောက်မှာတော့ Yang ဟာ VGJ.Thunder မှာ တနှစ်လောက်သွားကစားပေးခဲ့ပြီးနောက် 2018 ခုနှစ် 9 လပိုင်းကနေစတင်ပြီး Vici Gaming မှာပဲ ကစားလာတဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

Yang ဟာ Vici Gaming ရဲ့ offlaner နေရာကနေအကောင်းမွန်ဆုံး performance တွေပြသတတ်တဲ့ player တစ်ဦးဖြစ်ပြီး သူ့ရဲ့ offlaner ဟာ China region မှာသာမက အခြားသော region တွေမှာလည်း နာမည်ကြီးတဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

Yang အနေနဲ့လည်း အခု Vici Gaming ကနေထွက်ခွာခဲ့ပြီဆိုတော့ ထွက်ရှိထားတဲ့ ကောလဟာလတွေထဲကအတိုင်း အသစ်ဖွဲ့စည်းမယ့် 4 Angry Men ကိုတကယ်ပဲရောက်သွားမလားဆိုတာ စောင့်ကြည့်သွားရမှာပါပဲ။

Source - Vici Gaming Weibo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။