ဘောလုံးအားကစားဆိုတာ ကမ္ဘာပေါ်မှာ လူ အကြည့်အများဆုံး အားကစားဆိုတာ ပရိသတ်ကြီးလဲ သိရှိမယ်ထင်ပါတယ်။ ဘောလုံးပွဲတွေကို အားပေးရတာကလဲ အားရကျေနပ်စရာပါပဲ။ ပရိသတ်ကြီး အနေနဲ့ရော ကမ္ဘာပေါ်မှာ ဘယ်ဘောလုံးအသင်းက အားပေးမှုအများဆုံး ရရှိထားလဲဆိုတာကို သိရှိပါသလား။ အောက်မှာဆိုရင်တော့ ပရိသတ်အများဆုံးပိုင်ဆိုင်ထားတဲ့ အသင်းတွေနဲ့ ဘယ်နာမည်ကျော်တွေက အားပေးကြလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။  

Manchester City 

Photo Credit : Sport Mob

Manchester City ဟာဆိုရင် ပရိသတ်ကြီး သိကြတဲ့အတိုင်း Premier League ထိပ်တန်းအသင်းကြီးတွေထဲက တစ်သင်းဖြစ်ပါတယ်။ အသင်းဟာဆိုရင်တော့ Manchester United နဲ့ တစ်မြို့ထဲဖြစ်ပြီး ပြိုင်ဘက်တွေပဲဖြစ်ပါတယ်။ Man City ကတော့ Instagram မှာ Followers 19 Million နီးပါးရှိပြီး Twitter မှာ 8 Million နီးပါးရှိကာ Facebook မှာ 40 Million နီးပါးရှိပါတယ်။ Man City ဟာ Celebrity တွေအားပေးမှုများတဲ့ အသင်းတွေထဲကတစ်သင်းဖြစ်ပါတယ်။ အသင်းကို အားပေးတဲ့ Celebrity အချို့ကတော့ Liam နဲ့ Noel Gallagher (Oasis band member), Will Greenwood (Rugby World Cup winner), Becky Lynch (WWE female wrestler), Craig Cash (Actor, Director, Writer နဲ့ British Academy Film Award ကိုရရှိထားတဲ့ Writer), Timothy Dalton (English actor တစ်ယောက်ဖြစ်ပြီး ၁၉၈၇ တုန်းက James Bond အဖြစ်လူသိများပါတယ်) နဲ့ David Hasselhoff (American actor ဖြစ်ပြီး TV မှာလူကြည့်အများဆုံးအဖြစ် Guinness စံချိန်တင်ထားသူ ) စတဲ့သူတွေပဲဖြစ်ပါတယ်။  

Photo Credit : Sport Mob

Arsenal 

Photo Credit : Sport Mob

Arsenal အသင်းဟာဆိုရင်လဲ Premier League ရဲ့ အသင်းကြီးတွေထဲက တစ်သင်းဖြစ်တာကို ပရိသတ်ကြီးလဲသိရှိကြမှာပါ။ တချို့သောသတင်းတွေအရဆိုရင် Arsenal ရဲ့ ပရိသတ်ဟာစုစုပေါင်း ၁၂၅သန်း နီးပါးရှိပါတယ်။ တချို့သတင်းတွေကြတော့လဲ သန်း ၇၀ နီးပါးသာရှိတယ်လို့ ပြောဆိုကြပါတယ်။ Arsenal အသင်းရဲ့ Nickname ကတော့ Gunners ဖြစ်ပြီး ပရိသတ်တွေကတော့ Gooners တွေပဲဖြစ်ပါတယ်။ ပရိသတ်တွေအများဆုံးရှိတဲ့နေရာတွေကတော့ England, Asian, Africa နဲ့ North America တို့ပဲဖြစ်ပါတယ်။ Arsenal ကတော့ Instagram မှာ Followers 17.5 Million နီးပါးရှိပြီး Twitter မှာ 15.7 Million နီးပါးရှိကာ Facebook မှာ 37 Million နီးပါးရှိပါတယ်။ Celebrity တွေထဲက Arsenal ပရိသတ်တွေကတော့ Piers Morgan (English TV personality), Jay-Z (American musician နဲ့ song writer), David Gilmour နဲ့ Roger Waters ( Pink Floyd rock band ကိုစတင်သူ), Dido (English singer and song writer), Fidel Castro (Cuban communist leader) နဲ့ Elizabeth II ( England ရဲ့ဘုရင်မကြီး ) တို့ပဲဖြစ်ပါတယ်။ London မြို့ခံလဲဖြစ် ဘုရင်မကြီးကိုယ်တိုင်လဲ အားပေးတဲ့ အသင်းတစ်သင်းပါပဲ။ 

Photo Credit : Sport Mob

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။