တရုတ်နိုင်ငံက Crown Resorts အပန်းဖြေစခန်းမှာ အလုပ်လုပ်ကိုင်နေတဲ ့သြစတြေးလျနိုင်ငံသား ဝန်ထမ်း(၃)ဦးကို တရုတ်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း BBC News မှာ ဖော်ပြထားပါတယ်။

အဆိုပါထောင်ဒဏ်က တရားမဝင် လောင်းကစားလုပ်ငန်းကို တိုးမြင့်လိုက်တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပြီးCrown Resorts ရဲ့ ပြည်ပနိုင်ငံဆိုင်ရာ အကြီးတန်းအမှုဆောင် ဂျေဆင် အို ကွန်နာကို ထောင်ဒဏ်(၁၀)လ ၊ ဂျယ်ရီ ဟွမ်နဲ့ ပန်ဒန်းတို့ကို ထောင်ဒဏ်(၉)လစီ ရှန်ဟိုင်းမြို့ရှိ ဘိုရှန်ခရိုင်တရားရုံးက အသီးသီး ချမှတ်လိုက်တာပါ။

ကာစီနိုလောင်းကစားလုပ်ခြင်းဟာ တရုတ်ပြည်မကြီးမှာ တရားမဝင်ကြောင်းသတ်မှတ်ထားသလို အခုလို တရားမဝင် လောင်းကစားလုပ်ငန်းကို တိုးမြင့်လိုက်တဲ့အတွက် Crown Resorts က ဝန်ထမ်း(၁၉)ဦးကို ထိန်းသိမ်းခဲ့တာဖြစ်ပြီး (၁၃)ဦးကိုတော့ ထောင်ဒဏ်(၁)နှစ်အောက် ပြစ်ဒဏ်တွေ ချမှတ်ခဲ့ကာ (၃)ဦးကတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။