အားကစားလောကဟာဆိုရင် ကမ္ဘာပေါ်မှာ တော်တော်ကို ကျယ့်ပြန့်ပါတယ်။ ဘယ်အားကစားပဲဖြစ်ဖြစ် အားပေးကြတဲ့ ပရိသတ်တွေရှိကြပြီး Celebrity တွေလဲ အားကစားတစ်ခုမဟုတ်တစ်ခုကို အားပေးတက်ပါတယ်။ အဲ့လိုအားကစားတွေထဲက ဘောလုံးဆိုလဲ ကမ္ဘာပေါ်မှာ လူကြည့်များတဲ့ အားကစားထဲက တစ်ခုဖြစ်ပြီး နိုင်ငံကျော် အနုပညာရှင်တွေသာမက သမ္မတတွေပါ အားပေးကြတဲ့ အသင်းတွေရှိပါတယ်။ အောက်မှာဆိုရင်လဲ ကမ္ဘာ့အများဆုံးပရိသတ်ပိုင်ဆိုင်ထားတဲ့ အသင်းနှစ်သင်းနဲ့ ဘယ် Celebrity တွေက အားပေးလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။ 

Bayern Munich 

Photo Credit : Sport Mob
Photo Credit : Sport Mob

Germany မှာ အားပေးမှုအများဆုံးအသင်းလို့ပြောရမယ့် Bayern Munich ကတော့ တချို့သောသတင်းအချက်အလက်တွေ ပြောဆိုပုံအရ ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံး အားပေးတဲ့ အသင်းလို့ပြောကြပါတယ်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အသင်းကိုအားပေးတဲ့သူတွေထဲမှာ Pope Benedict XVI လိုသူတွေပါပါတယ်။ Bayern Munich ဟာဆိုရင် Instagram မှာ Followers 21 သန်းကျော်ရှိပြီး Twitter မှ ၅သန်းနီးပါးရှိပါတယ်။ Facebook မှာဆိုရင်တော့ သန်း ၅၀နီးပါး Followers ရှိပါတယ်။ အသင်းကို အားပေးတဲ့ Celebrity တွေကတော့ Pope Benedict XVI (ဘာသာရေးခေါင်းဆောင်), Nico Rosberg (Formula One ကားမောင်းသမား), Steffi Graf (နံပါတ်တစ် တင်းနစ်အမျိုးသမီး) နဲ့ Wladimir Klitchshko ( ဂန္တဝင် လက်ဝှေ့သမား) တို့ပဲဖြစ်ပါတယ်။  

Photo Credit : Sport Mob
Photo Credit : Sport Mob

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။