ဘောလုံးသမားတွေဟာ ဘောလုံးကိုချစ်လို့ ဆော့ကစားနေကြတာဆိုပေမယ့် ဘောလုံးကစားရင်း အသက်သေဆုံးသွားကြရတဲ့အခါမှာ သူတို့ဘယ်လိုတွေခံစားရလဲဆိုတာကို ဘယ်သူမှ သေချာမသိနိုင်ပါဘူး။

ဒီဖြစ်ရပ်မျိုးတွေဟာ ကိုယ့်ရဲ့ တဖက်သတ်အမြင်နဲ့ ဆုံးဖြတ်ဖို့ခက်လှသလို ကျန်ရှိနေတဲ့ မိသားစုဝင်တွေအတွက်လည်း ဖြေဆည်နိုင်ဖို့ ခက်လှပါတယ်။

ပြီးခဲ့တဲ့ 2019 ခုနှစ်အတွင်းမှာဆိုရင်လည်း ဘောလုံးကစားနေရင်း သေဆုံးသွားတဲ့ ဘောလုံးသမား 3 ယောက်တောင်ရှိခဲ့ပါတယ်။

Faty Papy
photo credit - Yahoo

ပထမဆုံးတစ်ယောက်အနေနဲ့ကတော့ Burundi နိုင်ငံသား Faty Papy ပဲဖြစ်ပါတယ်။

Faty Papy ဟာ 2019 ခုနှစ် April လ 25 ရက်နေ့မှာ Malanti Chiefs အသင်းအတွက် ဘောလုံးကစားပေးနေစဉ် heart attack ဖြစ်ပြီး ဘောလုံးကွင်းထဲမှာတင် ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။

၎င်းပွဲစဉ်ကတော့ Malanti Chiefs နဲ့ Eswatini အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပြီး ကစားနေစဉ်အချိန်အတွင်းမှာပဲ Faty Papy တစ်ယောက် နှလုံးရောဂါထဖောက်ပြီး သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

သေဆုံးခဲ့ချိန်မှာတော့ Faty Papy ဟာ အသက် 28 နှစ်အရွယ်သာရှိပါသေးတယ်။

Renan Henrique Santos
photo credit - esporte.ig

ဒုတိယတစ်ယောက်ကတော့ Brazil နိုင်ငံသား Renan Henrique Santos ပဲဖြစ်ပါတယ်။

Santos ဟာ သူကစားဟာ Agua Santa U17 club အတွင်း လေ့ကျင်းရေးဆင်းနေချိန် ပြိုကျမှုတစ်ခုကြောင့် နှလုံးထဖောက်ပြီး သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ 2019 ခုနှစ် 11 လပိုင်း 7 ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားခဲ့ချိန်မှာတော့ Santos ဟာ အသက် 16 နှစ်အရွယ်သာရှိပါသေးတယ်။

Radhakrishnan Dhanarajan
photo credit - time of india

နောက်ဆုံးတစ်ယောက်ကတော့ India နိုင်ငံသား Radhakrishnan Dhanarajan ပဲဖြစ်ပါတယ်။

Dhanarajan ကတော့ Malappuram မှာရှိတဲ့ Perinthalmanna မှာ  India Sevens ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေစဉ် အသက်ရှူကျပ်ပြီး ရင်ဘတ်တွေအောင့်လာတာကြောင့် ကွင်းထဲမှာပဲ လဲကျသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ 2019 ခုနှစ် 12 လပိုင်း 29 ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ FC Perinthalmanna နဲ့ Sastha Thrissur တို့ရဲ့ပွဲစဉ်အတွင်း ကစားချိန် 27 minute လောက်မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

အသင်းတာဝန်ရှိသူတွေကတော့ Dhanarajan ကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပေမယ့်လည်း အသက်ကိုတော့ကယ်နိုင်ခဲ့ခြင်း မရှိဘဲ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

source - Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။