ရတဲ့အချိန်လေးမှာ ထမင်းကျွေးချော့ပြီး သားလေးနဲ ့ငြိမ်းချမ်းရေးယူနေတဲ့ မေမေမယ်လိုဒီ

ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး မယ်လိုဒီဟာ မနေ ့က အမျိုးသမီး ရေးရာပွဲမှာ ပါဝင်ဆင်နွှဲဖြစ်ခဲ့ပြီး အပြန်အိမ်ရောက်ချိန်မှာ

ချစ်ရတဲ့သားလေးကို ပြန်ချော့ခဲ့ရတဲ့အကြောင်း အခုလိုပဲပြောပြခဲ့ပါတယ်။

“မနေ့ဖြစ်သည်

သားချော့တေး မဟုတ်ဘဲ

သားချော့ကျွေးပါရှင်

ရတဲ့အချိန်လေး ရသလို ထမင်းကျွေးပြီး ချော့ ငြိမ်းချမ်းရေးယူရတာပေါ့ရှင်” လို ့ချစ်ရတဲ့သားလေးအတွက် အချိန်ပေးဖြစ်တဲ့အကြောင်းကို

မယ်လိုဒီက ပြောပြခဲ့တာပါ။ သရုပ်ဆောင် မယ်လိုဒီဟာ သားလေးတစ်ယောက်မိခင်ဖြစ်နေပေမယ့် အခုချိန်ထိ ကိုယ်ခန္ဓာအလှအပကိုထိန်းထားနိုင်

သူဖြစ်တာကြောင့် ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

အမျိုးသမီးရေးရာပွဲမှာ ပါဝင်ဆင်နွှဲခဲ့စဉ်က သူမအနေနဲ ့ကြုံတွေ ့ခဲ့ရတဲ့ စိတ်ခံစားမှုကိုလည်း မယ်လိုဒီက အခုလိုပဲရင်ဖွင့်ထားပါတယ်။

"ဒီနေ့ အမျိုးသမီးရေးရာပွဲ(အမျိုးသားကဇာတ်ရုံ)မှာ လျှောက်ခဲ့တဲ့ပုံလေးပါ

ချစ်သူခင်သူနည်းတယ်ဆိုပြီး အမြဲအားငယ်ခဲ့ရသူပါ

စင်ပေါ်လျှောက်တဲ့အချိန် အားလုးံ လက်ခုပ်တီးပြီးအားပေးကြတော့ ဝမ်းသာလွန်းလို့ ပါးစပ်တောင်မစိနိုင်တော့ဘူး

ပျော်လိုက်တာလေ

အရင်က

နားခဲ့တဲ့အချိန်တွေအတွက်ရယ် မှားခဲ့တဲ့စကားတွေအတွက် တောင်းပန်ပါတယ်ရှင်

အခုအချိန်မှာ ပိုပြီးကြိုးစားသွားပါမယ်ရှင်

နားလည်ခွင့်လွှတ်ပြီး ချစ်ခြင်းမေတ္တာထားကြလို့ ကျေးဇူးအထူးတင်ပါတယ်ရှင်

အားလုးံသက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်" လို ့ ပရိသတ်ကြီးကို ပြောပြသွားခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Melody

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။