photo credit - Liquipedia

North America region က cs:go team တစ်ခုဖြစ်တဲ့Triumph ကတော့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Triumph ကြေညာခဲ့တဲ့ roster update ကတော့ Spongey ဟာအသင်းကနေထွက်ခွာသွားပြီဖြစ်ပြီး သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် ryann ကိုခေါ်ယူခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။

Spongey ကတော့ Triumph ကိုပြီးခဲ့တဲ့ 2019 ခုနှစ် 11 လပိုင်း 7 ရက်နေ့မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး 2020 ခုနှစ် 9 လပိုင်း 2 ရက်နေ့မှာ အသင်းကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

အခုအသစ်ခေါ်ယူလိုက်တဲ့ ryann ကတော့ အမေရိကန်နိုင်ငံသား cs:go pro player တစ်ဦးဖြစ်ပြီး အသက်အားဖြင့်တော့ 19 နှစ်သာရှိပါသေးတယ်။

Ryann ရောက်ရှိလာမှုနဲ့အတူ လက်ရှိ Triumph ရဲ့ cs:go roster အပြည့်အစုံကတော့

Alan "⁠Shakezullah⁠" Hardeman

Paytyn "⁠junior⁠" Johnson

Ryan "⁠ryann⁠" Welsh

Kaleb "⁠moose⁠" Jayne

Erik "⁠penny⁠" Penny

Marcos "⁠tacitus⁠" Castilho (coach)

တို့ပဲဖြစ်ပါတယ်။

source- Trimuph twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။