Mobile Legends ဟာဆိုရင် ခုချိန်မှာ လူဆော့များတဲ့ MOBA ဂိမ်းတစ်ခုဖြစ်ပြီး Asia မှာတော်တော်အောင်မြင်နေတဲ့ ဂိမ်းတစ်ခုဖြစ်နေပါပြီ။ ပရိသတ်ကြီးလဲ သိရှိပြီးသားဖြစ်တာမို့ Mobile Legends နဲ့ပတ်သတ်လို့အများကြီး ပြောစရာမရှိပါဘူး။ Mobile Legends ရဲ့ စက်တင်ဘာလမှာလဲ ဘယ် Skin တွေထွက်လာမလဲဆိုတာကို ပရိသတ်ကြီးလဲ သိရှိချင်မယ်ထင်ပါတယ်။ ဒါကြောင့်ပဲ ခုလမှာ ဘယ် Skin အသစ်တွေထွက်ရှိလာမလဲဆိုတာကို အောက်မှာဖော်ပြလိုက်ပါတယ်။ 

စက်တင်ဘာလရဲ့ Starlight Skin ကတော့ အားလုံးပဲသိကြတဲ့အတိုင်း Esmeralda ရဲ့ Cleopatra ပဲဖြစ်ပါတယ်။ Cleopatra Skin ကတော့ Normal အဆင့်သာရှိတဲ့ Starlight Skin လို့ပြောများကြပါတယ်။ သူမရဲ့ Ultimate တစ်ခုလောက်သာ Starlight Skin အဆင့်မှီပါတယ်။ သူမနဲ့အတူရရှိမယ့် Skin ကတော့ Guinevere - Scarlet Dance အရောင်ဆိုးထားတဲ့ Skin ပဲဖြစ်ပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာဆိုရင် Atlas ရဲ့ Elite Skin ပဲဖြစ်ကာ Fuel Turbine ဝယ်နိုင်မှာဖြစ်ပါတယ်။ 

စက်တင်ဘာလ ၉ ရက်နေ့မှာဆိုရင်တော့ Khufra ရဲ့ Epic ဖြစ်တဲ့ Volcanic Overlord ဟာ Epic Showcase ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ ၁၄ရက်နေ့မှာဆိုရင်တော့ Special Skin ဖြစ်တဲ့ Natalia ရဲ့ Grim Strangler ဝယ်နိုင်မှာဖြစ်ပြီး ၁၇ရက်နေ့မှာဆိုရင် Hero Event နဲ့အတူ Lancelot ရဲ့ Swordmaster ရောက်ရှိလာမှာပါ။ ၁၈့်နေ့မှာဆိုရင်တော့ Hero အသစ်ဖြစ်တဲ့ Barats နဲ့အတူ Normal Skin ပါဝယ်ယူနိုင်မှာဖြစ်ပါတယ်။  

စက်တင်ဘာလ ၂၁ရက်နေ့မှာဆိုရင်တော့ Moskov ရဲ့ Epic Skin Blood Spear ကိုဝယ်ယူရရှိနိုင်မှာပါ။ Lunox ရဲ့ Zodiac Skin ဖြစ်တဲ့ Libra ကတော့ သစက်တင်ဘာ ၂၃ရက်နေ့မှာ Zodiac Summon ဆင့်ခေါ်လို့ရမှာပါ။ ၂၄ရက်နေ့မှာဆိုရင်တော့ HERO Encore Event နဲ့အတူ Bruno ရဲ့ Firebolt ကိုပြန်လည်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Popol and Kupa ရဲ့ Elite Skin ဖြစ်တဲ့ Tribal ကတော့ စက်တင်ဘာ ၂၈ရက်နေ့မှာ ဝယ်ယူနိုင်မှာပါ။ စက်တင်ဘာလ ၃၀ရက်နေ့မှာဆိုရင်တော့ S18 First Recharge Event အဖြစ် Miya Skin ဝယ်ယူရှိနိုင်မှာဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။