မနက်ဖြန်နိုင်ပါ့မလား အောင်လ
မနက်ဖြန်မှာ ထိုးမယ့် One Championship မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပါတ်လုပွဲကြီးဟာ
မြန်မာပြည်သူပြည်သားတွေအတွက်စိတ်လှုပ်ရှားစရာ
အပြည့်နဲ့ပါ။ဗစ်တာလီဘစ်ဒစ်နဲ့ထိုးမယ့်အောင်လနဲ့ထပ်တူ
ရင်ခုန်နေကြတာအမှန်ပါပဲ။
ပထမအတစ်ကြိမ်ဂျာကာတာမှာထိုးခဲ့ရတဲ့
ပွဲတုန်းက လေ့ကျင်ချိန်မလုံလောက်တာရယ်၊ကြံ့ခိုင်မှုမပြည့်ဝတာရယ်ကြောင့်ဘစ်ဒစ်ကိုအရှုံးပေးခဲ့ရပါတယ်။ဒီတစ်ကြိမ်မှာတော့ရှရှားနိုင်ငံသားဘစ်ဒစ်ကို ကိုယ့်မြေကိုယ့်ရေမှာအနိုင်ယူဖို့အောင်လအသေအချာပြင်ဆင်ထားခဲ့ပါပြီ။ဒါပေမယ့်ဘစ်ဒစ်ကလည်း One Championship ပြို်င်ပွဲရဲ့ အကျွမ်းကျင်ဆုံး
MMA Fighter တစ်ယောက်ဖြစ်ပြီးခန္ဓာကိုယ်ကြံ့ခိုင်မှုလည်းအကောင်းဆုံး
အနေအထားရှိလို့ အောင်လအနေနဲ့အရာရာအကောင်းဆုံး
ဖြစ်နေဖို့လိုပါတယ်။
မနက်ဖြန်မှာကျင်းပမယ့် အောင်လနဲ့ဘစ်ဒစ်တို့ပွဲမှာ
အောင်လကပဲဘစ်ဒစ်ကိုအနိုင်ယူပြီးချန်ပီယံခါးပါတ်ကိုယူသွားနိုင်မလား၊ဘစ်ဒစ်ကပဲရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းသွားမလားဆိုတာကတော့ မနက် ညနေ ၆:၃၀ မှာကျင်းပမယ့်MMA ပွဲကိုစောင့်ကြည့်ကြပါအုံးစို့...
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။