ပရိသတ်တွေကို ဒီတစ်ခေါက်မှာဆိုရင်တော့ ဘောလုံးကစားနဲ့ Guiness World Records မှာစံချိန်တင်ထားနိုင်သူ အချို့ကိုဖော်ပြပေးလိုပါတယ်။

ပထမဆုံးတစ်ခုကတော့

Longest Football drop kick

Ederson
photo credit - Guinness World Records

ဒီစံချိန်ကိုတင်ခဲ့တာကတော့ Brazkil နိုင်ငံသား ဂိုးဖမ်းသမားတစ်ဦးဖြစ်တဲ့ Ederson ပဲဖြစ်ပါတယ်။

Ederson ဟာ Manchester City အသင်းမှာကစားနေစဉ် 2018 ခုနှစ် May လထဲမှာ drop kick ကို 75.35 m (247 ft 2 in) အကွာအဝေးထိရောက်အောင်ကန်ပြခဲ့ပြီး drop kick ကိုအဝေးဆုံးကန်ပြနိုင်တဲ့သူအဖြစ် ဂရင်းနစ်စံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်။

Charistopher Cook
photo credit - Guinness World Records

Longest Videogame marathon on a footaball (soccer ) game

ဒီစံချိန်ကိုတင်ခဲ့တာကတော့ United Kingdom မှာနေထိုင်တဲ့ Charistopher Cook ပဲဖြစ်ပါတယ်။

Cook ဟာ ပြီးခဲ့တဲ့ 2014 ခုနှစ် နိုဝင်ဘာလမှာ FIFA 15 game ကို 48 နာရီ 49 မိနစ် 41 စက္ကန့်ကြာအောင် ကစားပြပြီး Longest Videogame marathon on a football (soccer) game ဆိုတဲ့စံချိန်ကိုတင်ခဲ့တာပဲဖြစ်ပါတယ်။

Francisco Javier Falan Marin
photo credit - elpardo.net

Fastest football kick

ဒီစံချိန်ကိုတင်ထားတာကတော့ စပိန်နိုင်ငံသား Francisco Javier Falan Marin ပဲဖြစ်ပါတယ်။

Francisco Javier Falan Marin ဟာ 2001 ခုနှစ် October လ 29 ရက်နေ့က Madrid မြိ့မှာ ဘောလုံးကို 129 km/h (80.1 mph) အရှိန်နှုန်းနဲ့ကန်ပြပြီး Fastest Football kick စံချိန်ကိုတင်ခဲ့တာပဲဖြစ်ပါတယ်။

source - guinnessworldrecords.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။