photo credit - LGD Gaming

PSG.LGD ကတော့ po 4 player ဖြစ်သူ fy အသင်းကနေထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာအပြီးမှာ Mid player ဖြစ်သူ Somnus’M ပါအသင်းကနေထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Somnus’M နဲ့ fy တို့ PSG.LGD ကနေထွက်ခွာတော့မှာဆိုတဲ့သတင်းတွေကတော့ ပြီးခဲ့တဲ့လထဲက dota 2 community ထဲမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီသတင်းတွေဟာ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ ။

Somnus’M ဟာ LGD မှာ 2014 ခုနှစ် 2 လပိုင်းထဲက ကစားလာခဲ့တာဖြစ်ပြီး သူ့ရဲ့ ခုနှစ်တာကာလအတွင်းမှာ CDEC Gaming ကိုခနသွားကစားပေးခဲ့ပြီး ကျန်တဲ့အချိန်တွေအကုန်လုံးကတော့ LGD Organizaton လက်အောက်မှာပဲကစားခဲ့တဲ့ player တစ်ယောက်ပဲဖြစ်ပါတယ်။

Somnus’M ဟာ LGD နဲ့အတူ Ti 5 နဲ့ Ti 9 တို့မှာ Third Place နဲ့ Ti 7 မှာ 4th place အပြင် Ti 8 မှာ 2nd place တို့ကိုရယူနိုင်ခဲ့တဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

Ti 8 မှာတော့ Somnus’M ဟာ LGD နဲ့အတူ Ti champion ဖြစ်ဖို့ တော်တော်လေးနီးကပ်နဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ second place နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Somnus’M ဟာ LGD နဲ့အတူ tournanments တော်တော်များများမှာ champion ဆုကိုရယူနိုင်ခဲ့တဲ့ player ဖြစ်သလို Ti ပြိုင်ပွဲတစ်လျှောက်မှာ hero kill 1000 ကျော်ရှိထားတဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ Somnus’M ဟာ LGD ကနေထွက်ခွာသွားပြီဆိုတော့ ထွက်ရှိနေတဲ့ ကောလဟာလတွေထဲကအတိုင်း fy နဲ့အတူ အသစ်ဖွဲ့စည်းမယ့် 4AM ကိုရောက်ရှိဖို့က သေချာသလောက်ရှိနေပါတယ်။ 

source - LGD Gaming facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။