မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်ကိုမြင့်တင်ပေးနေတဲ့အားကစားသမားတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့ကာ ချစ်စရာ​ကောင်းတဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ 

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အောင်လအန်ဆန်ကတော့ လေ့ကျင့်မှုတွေကို နေ့စဥ်ပြုလုပ်လျက်ရှိနေသလို ချစ်ရတဲ့ မိသားစုလေးကိုလည်း အပြည့်အဝအချိန်ပေးကာဂရုစိုက်လျက်ရှိနေတာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်ရဲ့ သားနဲ့ သမီးလေးကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ ကလေးငယ်လေးတွေဖြစ်ပြီး သားသားမီးမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ ယခုမှာ မတ်တတ်ရပ်တတ်နေပြီဖြစ်လို့ ပျော်နေတဲ့ သမီးလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေခဲ့ပါတယ်။ အောင်လအန်ဆန်ကတော့ " Eating fruits now "ဆိုပြီး သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောက်လအန်ဆန်တို့မိသားစုလေးရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source  : Aung La Nsang(Burmese Python) 's facebook page 

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။