Photo credit - Geek Fam dota 2

ပြီးခဲ့တဲ့ရက်ပိုင်းက Geek Fam အနေနဲ့ dota 2 team ရဲ့ roster တစ်ခုလုံးကို drop လုပ်ခဲ့တာကြောင့် offlaner KuKu အနေနဲ့လည်း free agent ဖြစ်လာခဲ့ပါတယ်။

kuku အနေနဲ့ free agent ဖြစ်ပြီးနောက် ဘယ်အသင်းကိုရောက်နိုင်လဲဆိုရင်တော့ ပထမဆုံးအနေနဲ့ kuku ဟာပြီးခဲ့တဲ့ တစ်လလောက်က streaming လုပ်နေရင်းနဲ့ stream id Nubboi ထံကနေ လစာညှိနှိုင်းတဲ့ message တွေဝင်လာတာကြောင့် အသင်းပြောင်းတော့မယ် ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်ဖူးပါတယ်။

၎င်း Nubboi ဆိုတဲ့ steam အကောင့်ဟာ Fnatic အသင်းရဲ့ manager ဟောင်း oddie ဖြစ်နိုင်တယ်လို့ လူအများကယူဆခဲ့ကြပြီး သူ့ရဲ့ new organization မှာ kuku ကို လာ join ဖို့အတွက် ကမ်းလှမ်းနေတာဖြစ်နိုင်တယ်လို့ ပြောထားကြတာတွေ့ရပါတယ်။

ဒါ့ကြောင့် kuku အနေနဲ့ လက်ရှိအချိန်မှာ ၎င်း organization လက်အောက်ကို ရောက်ကောင်းရောက်သွားနိုင်ပါတယ်။

နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ အသင်းတစ်သင်းကတော့ Fnatic လို့ လူပြောများနေပေမယ့် Fnatic က အနားယူသွားတဲ့ offlaner iceiceice ဟာ DPC Season ပြန်မစခင်အထိပဲ အနားယူမှာဖြစ်ပြီး DPC season ပြန်စတာနဲ့ အသင်းကိုပြန်လာမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

Valve အနေနဲ့လည်း DPC Season ကို လာမယ့် 2021 အစပိုင်းမှာ ပြန်လည်စတင်ဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် iceiceice Fnatic ကိုပြန်ရောက်လာဖို့ကလည်း သိပ်မကြာတော့ပါဘူး။

သို့ပေမယ့်လည်း iceiceice ပြန်မလာခင်အချိန်အလေးအတွင်းမှာ kuku အနေနဲ့ Fnatic မှာသွားကစားပေးမလားဆိုတာကတော့ ဘယ်သူမှ သေချာမပြောနိုင်သေးပါဘူး။ 

Myanmarload....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။