Photo credit - WePlay Omega League twitter

မနေ့ကမှ ကျင်းပပြီးစီးခဲ့တဲ့ OMEGA league ကတော့ နောက်လာမယ့် October လထဲမှာ Season 2 ကိုကျင်းပသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ကျင်းပသွားမယ့် အချိန်ကတော့ October လ 28 ရက်နေ့ကနေ December လ 13 ရက်နေ့ထိဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် OMEGA League Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် Alliance , Team Liquid , Nigama , OG , Team Secret တို့ကတော့ confirmed ဖြစ်နေပြီဖြစ်ပြီး ကျန်ရှိနေတဲ့ အချက်အလက်တွေကို မကြာမီကြေညာပေးသွားမယ်လို့ ပြောကြားခဲပါသေးတယ်။

မနေ့က ကျင်းပခဲ့တဲ့ OMEGA League: Europe Immortal Division ရဲ့ Grand Final ပွဲစဉ်ဖြစ်တဲ့ OG Vs Team Secret ပွဲစဉ်ဟာဆိုရင်လည်း viewers 400,000 ကျော်နဲ့ လူကြည့်အများဆုံး Online Dota 2 tournament ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

၎င်းပွဲစဉ်မှာတော့ Team Secret က OG ကို 3:0 နဲ့အနိုင်ယူပြီး Champion ဆုကြီးကိုရယူနိုင်ခဲ့ပါတယ်။

Team Secret အတွက်တော့ ဒီ Champion ဆုဟာ 2020 ခုနှစ်အတွင်း ဆက်တိုက်ရရှိတဲ့ 7 ဆုမြောက် Champion ဆုဖြစ်လာခဲ့ပါတယ်။

Season 2 မှာတော့ Team Secret ကိုရပ်တန့်နိုင်ပြီး Champion ဆုကိုလုယူနိုင်မယ့် အသင်းတစ်သင်းပေါ်ထွက်လာဖို့အတွက်တော့ ဆုတောင်းရမှာပါပဲ။ 

Source - WePlay Omega League twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။