photo credit - 100 Thieves twitter

North America region က esports organization တစ်ခုဖြစ်တဲ့ 100 Thieves ကတော့ သူတို့ရဲ့ Valorant roster update ကိုကြေညာခဲ့ပါတယ်။

100 Thieves ကြေညာခဲ့တာကတော့ steel ကို အသင်းရဲ့ တတိယမြောက် player အဖြစ်ခေါ်ယူခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။

steel ကတော့ cs:go pro player ဘဝက အနားယူပြီးတဲ့နောက်မှာ Chaos Esprots Club ရဲ့ Valorant Streamer အဖြစ်လုပ်ကိုင်နေတာဖြစ်ပြီး 100 Thieves ကကမ်းလှမ်းလာတဲ့အခါမှာ players ဘဝကိုကူးပြောင်းဖို့ သဘောတူခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိ 100 Thieves ရဲ့ Valorant Team မှာတော့ players သုံးယောက်ရှိနေပြီဖြစ်ပြီး ၎င်း players တွေကတော့

Hiko

nitr0

steel

တို့ပဲဖြစ်ပါတယ်။

ဒီ players တွေအားလုံးဟာ cs:go လောကမှာ နာမည်ကျော်ကြားတဲ့ players တွေဖြစ်ပြီး 100 Thieves အနေနဲ့လည်း ဒီလို players တွေကိုရထားတာ တော်တော်လေး ကံကောင်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

100 Thieves အနေနဲ့ Valorant team နဲ့အတူ ဝင်ရောက်ယှဉ်ဖို့ tournaments တွေ လောလောဆယ် မရှိသေးပေမယ့် သိပ်မကြာခင်မှာတော့ roster အပြည့်အစုံကို ကြေညာသွားဖွယ်ရှိပါတယ်။

source - 100 Thieves twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။