Mobile Legends ထဲက Assassin တွေထဲမှာမှ Gusion ဟာဆိုရင်လဲ ကိုင်ရခတ်တဲ့ Hero တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လဲ သေချာလေးအေးဆေးဆော့မယ်ဆိုရင် Selena တို့ Ling တို့လောက်မခတ်ပါဘူး။ သူ့ဟာဆိုရင်လဲ High Rank မှာ Ban ခံခံနေရတဲ့ Hero တစ်ယောက်ပဲဖြစ်ပါတယ်။ သူကို့ကောင်းကောင်းကစားတက်တဲ့ သူတွေပါရင် Gusion ဆိုတဲ့ Hero ကိုထိန်းရတာခတ်ခတ်ပါပဲ။ Skill တွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။   

Skill 1 ကတော့ သူရဲ့ ဓါးမြောင်တစ်ချောင်းကို ရန်သူဆီပစ်လိုက်ကာ Damage ထိစေပြီးနောက်တစ်ချက် Skill 1 ကိုထပ်နှိပ်ရင် ဓါးမြောင်ထိတဲ့သူရဲ့နောက်ကို လိုက်သွားမှာဖြစ်ပါတယ်။ Skill 2 ကတော့ သူရဲ့အရှေ့ကို ဓါးမြောင်တွေ ပစ်လိုက်ကာ Damage ထိစေပါတယ်။ Ulti ကတော့ သုံးလိုက်ရင် တစ်နေရာကိုပြေးသွားပြီး Skill 1 နဲ့ 2 ကို CD ကျစေပါတယ်။ အဲ့ချိန်မှာ သူဟာ နောက်ထပ် ဓါးငါးချောင်းကို ထပ်ပစ်လို့ရမှာဖြစ်ပါတယ်။ အဲ့တာကြောင့် အရင်ဆုံး Skill 2 သုံး Ulti သုံး Skill 2 ထပ်သုံး အဲ့မှာ Skill 1 နဲ့ ဓါးပေါက်ပြီးတော့ ရန်သူဆီပြေးသွားပါ။    

Passive ကတော့ သူရဲ့ Skill ကြောင့်ရတဲ့ မှော်စာ ၃ခုပြည့်ရင် Basic တိုက်ခိုက်မှုက ရန်သူသွေး ၁၅ရာခိုင်နှုန်းညီမျှတဲ့ Damage ထိမှာဖြစ်ပြီး ပေးလိုက်တဲ့ Damage နဲ့ညီတဲ့ သွေး ၈၀ရာခိုင်နှုန်းကိုပြန်ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို သတ်ရခတ်တာပါ။ သူရဲ့ Skill သုံးပုံကိုလဲ သိပြီလို့ထင်ပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။