အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏လူငယ်တိုက်စစ်မှူး ပြင်သစ်လက်ရွှေးစင်ကစားသမား မာရှုယ်ကတော့ အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းများကိုငြင်းဆန်ခဲ့ပြီး Twitterကနေတစ်ဆင့် အသင်းပြောင်းမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏လူငယ်တိုက်စစ်မှူး မာရှုယ်ကို အာဆင်နယ်အသင်း၏နည်းပြအာစင်ဝင်းဂါးက ခေါ်ယူရန်စိတ်ဝင်စားနေတယ်လို့ အင်္ဂလန်မီဒီယာအချို့ကရေးသားလျက်ရှိနေတာပါ။

အာဆင်နယ်အသင်း၏နည်းပြအာစင်ဝင်းဂါးအနေနှင့် မန်ချက်စတာယူနိုင်တက်အသင်း၏လူငယ်တိုက်စစ်မှူး မာရှုယ်ကို မိုနာကိုမှာကစားကတည်းကစိတ်ဝင်စားခဲ့ခြင်းဖြစ်ကာ ထိုစဉ်က မာရှုယ်ကို ခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးပါတယ်။ သို့သော် ပြင်သစ်လက်ရွှေးစင်တိုက်စစ်မှူးမာရှယ်က မန်ချက်စတာယူနိုင်တက်အသင်းကိုသာပြောင်းသွားခဲ့ပါတယ်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။