Photo credit: Hltv

CIS region ​က esports organization တစ်ခုဖြစ်တဲ့ Hard Legion ကတော့ Starix ကို cs:go team ရဲ့ coach အဖြစ်ခေါ်ယူခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ကာတယ်။

Hard Legion အနေနဲ့လည်းပြီးခဲ့တဲ့ 1 ရက်နေ့က coach ဖြစ်သူ MechanoGun အသင်းကနေထွက်ခွာ သွားတာကြောင့်ဘသူ့ရဲ့ နေရာမှာ အစားထိုးဖို့အတွက် Starix ကိုခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Starix ကတော့ အရင်က Natus Vincere ရဲ့ coach ဟောင်းတစ်ဦးဖြစ်ပြီး အသက်အားဖြင့် 32 နှစ်ရှိနေပြီဖြစ်တဲ့ Ukarine နိုင်ငံသား တစ်ဦးပဲ ဖြစ်ပါတယ်။

Starix ဟာ Natus Vincere မှာ player ဘဝကနေ coach ကိုကူးပြောင်းပီး Champion ဆုတွေများစွာကို ရယူပေးနိုင်ခဲ့ပြီး Navi ကို ရွှေရောင်နေ့ရက်တွေ ဖြတ်သန်းစေခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

Navi ကထွက်ခွာအပြီးမှာတော့ Starix ဟာ player ဘဝကိုပြန်လည်ကူးပြောင်းသွားခဲ့ပြီး အခုပြောင်းရွှေ့လာတဲ့ Hard Legion ရောက်မှသာ coach အဖြစ်ပြန်လည် လုပ်ကိုင်တာပဲ ဖြစ်ပါတယ်။

Starix တာဝန်ယူရမယ့် Hard Legion ရဲ့ cs:go roster ကတော့

kinqie

Kard

Forester

svyat

rAge

တို့ပဲ ဖြစ်ပါတယ်။

Source: Hard Legion twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။