Screen shoot of Blast Valorant Video

Valorant teams စုစုပေါင်း 4 သင်းပါဝင်ယှဥ်ပြိုင်မယ့် BLAST Twitch Invitational ပြိုင်ပွဲကတော့ ယခုလ 11 ရက်နေ့ကနေ 13 ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကိုတော့ BLAST နဲ့ Twitch တို့က ပူးပေါင်းကျင်းပပေးတာဖြစ်ပြီး ပေးအပ်သွားမယ့် prize pool ကတော့ $59,120 USD ပဲဖြစ်ပါတယ်။

ဝင်ရောက်ယှဥ်ပြိုင်မယ့်အသင်းတွေကတော့ invite ပြုလုပ်ခံထားရတဲ့ G2 Esports, Team Liquid, Ninjas in Pyjamas နဲ့ FunPlus Phoenix တို့ပဲဖြစ်ပါတယ်။

ဒီလေးသင်းလုံးဟာ upper bracket round 1 ကနေစတင်ယှဥ်ပြိုင်ရမှာဖြစ်ပြီး နိုင်တဲ့ နှစ်သင်းက Upper bracket final ကိုတက်ပြီး ရှုံးတဲ့ နှစ်သင်းက lower bracket round 1 ကိုဆင်းပေးရမှာပဲ ဖြစ်ပါတယ်။

ပွဲစဥ်အားလုံးကို Bo3 format နဲ့ယှဥ်ပြိုင်ကစားသွားရမှာဖြစ်ပြီး 13 ရက်နေ့မှာတော့ Grand Final match ကိုဆော့ကစားပြီး ပြိုင်ပွဲကိုအဆုံးသတ်မှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲစဥ်ကိုတော့ FunPlus Phoenix နဲ့ Ninjas in Pyjams တို့က လာမယ့် 11 ရက်နေ့ မြန်မာစံတော်ချိန် 8:00 pm မှာဆော့ကစားသွားမှာပဲ ဖြစ်ပါတယ်။

Team Liquid vs G2 Esports ပွဲစဥ်ကတော့ ၄င်းပွဲအပြီး မြန်မာစံတော်ချိန် 1:00 AM မှာဆော့ကစားသွားမှာပဲ ဖြစ်ပါတယ်။

ဒီ​ပြိုင်ပွဲရဲ့ champion ဆုကိုတော့ ဝင်ရောက်ယှဥ်ပြိုင်တဲ့ tournament တော်တော်များများမှာ Champion ဖြစ်ထားတဲ့ G2 Esports ပဲရသွားမလား ဒါမှမဟုတ် ဘယ်အသင်းကရယူသွားနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Screen shoot of liquipedia

Source: Blast Valorant Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။