Jabz
Photo credit - Liquipedia

အသင်းတော်တော်များများ roster change နေကြတဲ့အချိန်မှာ Fnatic ကလည်း သူတို့ရဲ့ roster ကိုထပ်မံ change ခဲ့ပြီပဲ ဖြစ်ပါတယ်။

Fnatic အနေနဲ့ ပြီးခဲ့တဲ့ 7 လပိုင်းကုန်လောက်ကလည်း 23Savage ကိုထုတ်ပယ်ခဲ့ပြီး Geek Fam က carry player "Raven " ကိုခေါ်ယူအစားထိုးခဲ့သလို အခုအခါမှာလည်း အသင်းရဲ့ po 5 player Jabz ကိုထုတ်ပယ်ပြီး eyyou ကိုခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

eyyou ကတော့ TNC Predotor ကထွက်ပြီးနောက် တနှစ်လောက် ဘယ်အသင်းမှာမှ မကစားခဲ့ဘဲ အခုမှသာ Fnatic မှာပြန်လည် ကစားဖို့အတွက် ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Fnatic ရဲ့ လက်ရှိ dota 2 roster အပြည့်အစုံကတော့

Po 1- Raven

Po 2- Moo

Po 3- iceiceice

Po 4- Dj

Po 5- eyyou

တို့ပဲ ဖြစ်ပါတယ်။

အသင်းရဲ့ roster ကိုအကောင်းဆုံး ပြင်ဆင်နေတဲ့ Fnatic အနေနဲ့လည်း သူတို့လိုချင်တဲ့ No.1 နေရာကို ရယူသွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

eyyou
Photo credit - Fnatic Facebook page

Source - Fnatic Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။