ထူးအယ်လင်းနှင့် ကော်ဘရာတို့ အမှု တရားရုံးတွင် စတင်စစ်ဆေး

ရဲကတရားလို လုပ်ပြီး ရန်ကုန်ရဲ အက်ဥပဒေ ပုဒ်မ ၃၀(က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည့် အဆို‌တော်‌ ထူးအယ်‌လင်‌းနှင့် Cobra တို့၏ အမှုကို ဒဂုံမြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။ ဒဂုံ မြို့နယ် တရားရုံးက ပြီးခဲ့သည့် ဇွန်၂၃ရက်နေ့က ၎င်းတို့နှစ်ဦး၏ အာမခံလျှောက်ထားမှုကို အာမခံပေးခဲ့သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က ယင်း အဆိုတော်နှစ်ယောက်သည် ဇွန်လ ၂၂ရက်နေ့ညက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း နှင့် ရွှေတိဂုံ ဘုရားလမ်းထောင့် တွင် တက္ကစီသမား အချို့နှင့် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ကြောင်း သတင်း ရရှိသဖြင့် ရဲတပ်ဖွဲ့က သတင်း ရရှိသည့် နေရာသို့ ချက်ခြင်း သွားရောက် စစ်ဆေးရာတွင် တက္ကစီသမား များနှင့် တက္ကစီ ယာဉ် တို့ကို မတွေ့ရှိရပဲ 4C—- SOLUNAVIOS ငွေမင်ရောင် ကားနှင့်အတူ အရက်သေစာ သောက်စားကာ ဆူပူရမ်းကားနေသူ 

အဆိုတော် ထူးအယ်လင်း၊ (၄၈)နှစ်နှင့် ကော်ဘရာ၊ (၃၅)နှစ် တို့နှစ်ဦးကို တွေ့ရှိရသဖြင့် ၎င်းတို့ စီးနင်း အသုံးပြုသော 4C—- SOLUNA VIOS ငွေမင်ရောင်မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်၏ရှေ့ခန်း ထိုင်ခုံနှစ်ခုကြား၌ ရွှေအိုရောင် လက်ကိုင်ရိုးတွင် အနက်ရောင် ရာဘာ ရိုးစွပ်လျက် အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်း တစ်လက်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား ထိန်းသိမ်းကာ ဒဂုံမြို့မ ရဲစခန်း သို့ ခေါ်ယူစစ်မေးခဲ့ပြီး ဒဂုံမြို့မရဲစခန်း (ပ)၁၀၃/၂၀၁၇ ၊ရန်ကုန် ရဲအက်ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်အရေး ယူဆောင် ရွက်ခဲ့သည် ဟု သတင်း ထုတ်ပြန်ထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။