Alliance ကတော့ သူတို့ရဲ့ နောက်ဆုံးခေါ်ယူဖို့ ကျန်ရှိနေတဲ့ permanent player အသစ်ကို သဲလွန်စ ပေးခဲ့ပြီးနောက်တော့မှာ ဘယ်သူဖြစ်တယ်ဆိုတာကို ကြေညာခဲ့ပြီပဲ ဖြစ်ပါတယ်။

သူကတော့ အခြားသူမဟုတ်ပါဘူး၊ Alliance မှာ ငါးလပိုင်းကုန်လောက်ထဲက အငှားလာကစားပေးနေတဲ့ fng ပဲဖြစ်ပါတယ်။

fng ဟာ အငှားလာကစားပေးနေတုန်းကတော့ Gambit Esports နဲ့ စာချုပ်သက်တမ်း ရှိနေသေးတဲ့ player တစ်ယောက်​ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ စာချုပ်သက်တမ်း ကုန်ဆုံးပြီး free agent ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

Alliance အနေနဲ့လည်း fata ထွက်သွားပီးထဲက po 5 player ကောင်းတစ်ယောက်ကို လိုအပ်နေခဲ့တာဖြစ်ပြီး "fng" free agent ဖြစ်လာတဲ့အချိန်မှာ လက်လွှတ်မခံပဲ အပြီးသတ်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

fng ဟာ Alliance မှာကစားလာတာ ယခုထိဆိုရင် သုံးလကျော်လောက်ရှိနေပီ ဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ OMEGA League မှာ Miracle ရဲ့ epic play တွေကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် ကစားကွက်ပိုင်းဆိုင်ရာမှာ အရင်ကထက် တော်တော်လေးတိုးတက် ကောင်းမွန်လာတာတွေကိုတော့ လက်ခံရမှာပါပဲ။

နောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း s4 ရဲ့ draft နဲ့ fng ရဲ့ဦးနှောက်တို့ ပေါင်းစပ်ထားတဲ့ Alliance က ဘယ်လောက်ထိ ကောင်းမွန်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

လက်ရှိ Alliance ရဲ့ dota 2 roster အပြည့်အစုံကတော့

Po 1- Nikobaby

Po 2- Limmp

Po 3- s4

Po 4- Handskem

Po 5- fng

တို့ပဲဖြစ်ပါတယ်။

photo credit: The Alliance facebook page

Source - The Alliance facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။