Photo credit: OGA Dota Pit Twitter

OGA Dota Pit ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က Season 3 ကို Europe / CIS region မှာလာမယ့် 20 ရက်နေ့ကနေ 26 ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲကိုတော့ direct invite ရရှိတဲ့ dota 2 team 6 သင်းနဲ့ closed qualifier ကတက်လာမယ့် 2 သင်း စုစုပေါင်း 8သင်း ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

Direct invite ရရှိထားတဲ့ အသင်းတွေကတော့

OG

Team Secret

Nigma

Alliance

Team Liquid

Vp.prodigy

တို့ဖြစ်ပြီး closed qualifier ကနေတော့

FlyToMoon

5Men

Vikin.gg

Ninjas in Pyjamas

တို့လေးသင်းထဲက အနိုင်ရရှိတဲ့ နှစ်သင်းက main event ကိုတက်ရောက်ခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။

ပေးအပ်သွားမယ့် total prize pool ကတော့ $170,000 USD ဖြစ်ပြီး champion ဖြစ်တဲ့အသင်းက $70,873 USD ရရှိမှာပဲ ဖြစ်ပါတယ်။

OGA Dota Pit Season1 တုန်းကတော့ Team Secret က champion ဖြစ်ခဲ့ပြီး Season 2 မှာတော့ Team Secret ကဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိခဲ့ဘဲ Nigma က champion ဖြစ်ခဲ့ပါတယ်။

ယခု Season 3 မှာတော့ champion ဖြစ်ထားတဲ့ အသင်းနှစ်သင်းလုံးလည်း ပါဝင်လာသလို Secret နဲ့တွေ့တိုင်း ရရှိခဲ့တဲ့ အရှုံးရလာဒ်တွေကို ချေဖျက်ချ​င်တဲ့ OG လည်းပါဝင်လာတာကြောင့် အကြိတ်အနယ်နဲ့ ကြည့်လို့ကောင်းမယ့် ပြိုင်ပွဲ တစ်ပွဲပါပဲ။.

ဒီပြိုင်ပွဲအတွင်းမှာလည်း Team Secret ရဲ့ နောက်ဆုံးယှဥ်ပြိုင်ထားတဲ့ ပြိုင်ပွဲ 7 ပွဲဆက်တိုက် champion ဖြစ်ထားတဲ့ စံချိန်ကို ရပ်တန့်ပြီး champion ဆုကိုရယူနိုင်မယ့် အသင်းတစ်သင်း ပေါ်ထွက်လာဖို့တော့ မျှော်လင့်ရတာပါပဲ။

Source:OGA Dota Pit twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။