ခုဖော်ပြသွားမယ့် နေရာတွေဟာဆိုရင် Mobile Legends ဆိုတဲ့ဂိမ်းရဲ့အဓိက နေရာဖြစ်တဲ့ Land Of Dawn ကြီးရဲ့ ထူးခြားမှုတွေနဲ့ပြည့်နှက်နေတဲ့ နေရာတွေပဲဖြစ်ပါတယ်။ နယ်မြေတိုင်းဟာ သူ့နေရာနဲ့သူ ရှိနေကြပြီး ကိုယ်ပိုင်နည်းပညာတွေ မှော်ပညာတွေရှိကြပေမယ့်လဲ ခုဖော်ပြသွားတဲ့နေရာတွေက Special လို့သတ်မှတ်ထားခြင်းခံရတဲ့ နယ်မြေတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင်တော့ ထူးခြားတဲ့ နယ်မြေတွေကို ဖော်ပြလိုက်ပါတယ်။  

Kastiya

Kastiya ကတော့ ပြင်ပလောကတစ်ခုဖြစ်ပြီး Zhask လာခဲ့တဲ့နေရာဖြစ်ပါတယ်။ Zhask ဟာ Kastiya ရဲ့ဘုရင်တစ်ယောက်ဖြစ်ပြီး သူနဲ့အတူ ထူးဆန်းပြီး Powerful ဖြစ်တဲ့ မှော်တုတ်တစ်ချောင်းလဲရှိပါတယ်။ 

Laboratory 1718

Laboratory 1718 ကတော့ ပရိသတ်တော်တော်များများသိကြမယ်လို့ထင်ပါတယ်။ အဲ့နေရာကို တည်ထောင်ခဲ့တဲ့သူတွေကတော့ Dr. Baker နဲ့ Dr. Rooney(နောက်ပိုင်းမှာ သက်ရှိလက်နက်တွေ ပြုလုပ်တာကိုငြင်းဆိုခဲ့ကြတဲ့သူတွေဖြစ်ပါတယ်) တို့ကစတင်ခဲ့တာဖြစ်ပြီး သက်ရှိလူသားတွေကို စက်ပစ္စည်းတွေနဲ့အတူ သက်ရှိလက်နက်တစ်ခုအဖြစ်ပြုလုပ်တဲ့ နေရာဖြစ်ပါတယ်။ အဲ့နေရာမှာ Saber, Alpha နဲ့ Beta တို့ဟာ ဒီနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ကာ သူတို့ဟာ သက်ရှိလက်နက်ဖြစ်လာရမယ့်ဘဝကို ငြင်းဆိုကာ ထွက်ပြေးလာခဲ့ပါတယ်။ သို့သော် Beta ရဲ့ အဓိက Body ဟာဖျက်စီးခံလိုက်ရပြီး Dr.Rooney ရဲ့အကူအညီနဲ့ ခုချိန်မှာ Alpha နားဝဲနေတဲ့ ကောင်လေးဖြစ်ပါတယ်။ Angela ဟာဆိုရင်လဲ Dr.Baker က ဖန်တီးပြုလုပ်ခဲ့တာဖြစ်ပြီး သူဟာ Angela ကို Flight Capsule ထဲကိုထည့်ကာ သူရဲ့သူငယ်ချင်းဖြစ်တဲ့ Dr.Rooney ကိုရှာဖွေဖို့ လွှတ်ခဲ့ပါတယ်။ 

Arcapada

Gatotkaca ဟာဆိုရင်တော့ God တွေရဲ့ Champion တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ သူဟာရန်သူတွေကိုတိုက်ခိ်ုက်ကာ သူရဲ့ Homeland ဖြစ်တဲ့ Arcapada ကို ကာကွယ်ပေးပါတယ်။ သူဟာ ကောင်းကင်မှာ သူရဲ့ Antakusuma armor နဲ့ လျှပ်စီးလိုပျံနိုင်ပြီး သူရဲ့ Brajamusti-Brajadenta ဆိုတဲ့ သံလက်အိတ်ကြီးနဲ့ ရန်သူတွေကို လိုက်လံတိုက်ခိုက်လေ့ရှိပါတယ်။ အဓိကကတော့ ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ Ashura တွေနဲ့ သူတိုရဲ့ဘုရင်ဖြစ်တဲ့ Martis နဲ့ တိုက်ခိုက်လေ့ရှိပါတယ်။

Land of the Giants

ဒီနေရာကတော့ Land Of Dawn ရဲ့အရှေ့ဆုံးအပိုင်းမှာ တည်ရှိပြီး Cyclops ရဲ့ မွေးရပ်မြေဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။