အရင်တုန်းကဆိုရင် Jawhead တစ်ယောက်ပါလာပြီဆိုတာနဲ့ ကိုယ့်ကို ဘယ်အချိန်အညိုးတွေနဲ့ ရန်သူဆိ တိုင်ကြားထဲ ပစ်ပစ်ပေါက်မလဲဆိုတာကို ရင်တုန်းတုန်းနဲ့ ဆော့နေရပါတယ်။ အာ့ကြောင့်တော်ရုံ သူတောတိုးနေရင် သွားပြီးမစားရဲဘူး။ ဒါပေမဲ့လဲ ခုချိန်မှာတော့ သူရဲ့ပစ်ပေါက်မဲ့ ဒဏ်ကနေ ခံနိုင်တဲ့ ဆေးအရည်လေးရှိနေပြီဖြစ်ပါတယ်။ Magic item ဝယ်တဲ့ နေရာ အပေါ်ဆုံးမှာ သူပါရင် ဆေးပုလင်းလေးပေါ်နေမှာဖြစ်ပြီး အလကားသောက်လို့ရပါတယ်။ သို့သော်လဲ သူသာကောင်းကောင်းဆော့ရင် အသင်းအတွက် လိုအပ်တဲ့ ပစ်ပေါက်မှုတွေကို ပစ်ပေးပါလိမ့်မယ်။ လူလဲကယ်ပေးလို့ကောင်းတဲ့ Heroပါ။ 

Skill 1 ကတော့ ၅စက္ကန့်ကြာ ခန္ဓာကိုယ်ကနေ အမြောက်တွေ ပစ်လိုက်ကာ ဒုံးကျည်အတောင့် ၁၂ခုဟာ Random ထိနေစေမှာပါ။ Skill 2ကတော့ သူဟာ ၃၀ရာခိုင်နှုန်း မြန်သွားကာ Shield တစ်ခုကို ၅စက္ကန့်ကြာအောင်ရရှိမှာပါ။ အဲ့ချိန်မှာ သူဟာကိုင်ပေါက်လို့ရပြီး ကိုင်ပေါက်ခံရတဲ့သူက Damage ထိပြီး အဲ့နေရာမှာရှိနေတဲ့သူလဲ ဝ.၅စက္ကန့်ကြာအောင် မူးနေစေပါမယ်။ Ulti ကတော့ ရန်သူတစ်ယောက်ဆိကို အရှိန်နဲ့ဝင်သွားပြီး ပြေးတိုက်မှာဖြစ်ကာ ဘေးကသူတွေလဲ အဝေးကိုလွင့်သွားကာ Stun နေစေမှာပါ။ 

Passive ကတော့ ရန်သူကို သူကိုယ်တိုင် Damage ပေးတိုင်း ၃စက္ကန့်ကြာခံတဲ့ Stack လေးပေါ်လာမှာဖြစ်ပြီး ၁၀ကြိမ်ထိ စုလို့ရပါတယ်။ အဲ့ Stack တိုင်းက ရန်သူအပေါ်ကို Damage ၈ရာခိုင်နှုန်းဆိတိုးနေစေမှာပါ။ Battle ဆိုင်ပြီဆိုရင် Admin ကတော့ Skill 2 ဖွင့်ပြီး Ulti သုံးလိုက်ပါတယ်။ အဲ့နောက်မှာ Skill 2နဲ့ရန်သူကို ကိုယ့်အသင်းကြားထဲပစ်ထည့်လိုက်ပါတယ်။ Skill 1 ကတော့ နောက်ဆုံးမှာ ဖွင့်သုံးပါတယယ်...ဒါကတော့ Admin ရဲ့ Battle ဆိုင်နည်းပေါ့။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။