Photo credit : liquipedia

Fnatic dota 2 team ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က အသင်းရဲ့ roster update တစ်ခုကို ကြေညာခဲ့ပါတယ်။

Fnatic ကြေညာခဲ့တာကတော့ အသင်းရဲ့ offlaner iceiceice ဟာ BTS Pro Series Season3 :SEA ကိုဆက်ကစားလိုစိတ်မရှိတော့တာကြောင့် သူ့ရဲ့နေရာမှာ Xepher ကို အငှားအနေနဲ့ ခေါ်ယူကစားစေခဲ့ပါတယ် ဆိုတာပဲ ဖြစ်ပါတယ်။

Iceiceice ဟာပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းရဲ့ active roster ကိုပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဝင်ရောက်ယှဥ်ပြိုင်တဲ့ BTS Pro Series Season 3 မှာ ပထမဆုံးအနေနဲ့ New Esports နဲ့ ယှဥ်ပြိုင်ကစားခဲ့ရပြီး 2:0 ဆိုတဲ့ ရလာဒ်နဲ့ ရှုံးနိမ်ခဲ့ပါတယ်။

ဒီရှုံးနိမ့်မှုရဲ့နောက်မှာတော့ iceiceice ဟာ ပြိုင်ပွဲကိုဆက်ပြိုင်လိုစိတ်မရှိတော့ဘဲ သူ့ရဲ့နေရာမှာ Xepher ကိုအစားထိုးပြိုင်စေခဲ့တာပဲ ဖြစ်ပါတယ်။

Xepher ဟာ po 4 player တစ်ယောက်​ဖြစ်ပြီး အခုလက်ရှိ Fnatic မှာ offlane role ကိုပြောင်းဆော့မှာဆိုတော့ Fnatic အတွက် စိန်ခေါ်မှုတစ်ခုလိုပါပဲ။

BTS Pro Series Season3: SEA ကိုဆက်လက်ယှဥ်ပြိုင်မယ့် Fnatic ရဲ့ roster ကတော့

Po 1- Raven

Po 2- Moon

Po 3- Xepher

Po 4- Dj

Po 5- eyyou

တို့ပဲ ဖြစ်ပါတယ်။

Fnatic အနေနဲ့ ဒီroster နဲ့အတူ ဒီကနေ့မှာ 496 နဲ့ယှဥ်ပြိုင်ကစားဖို့ရှိနေတာကြောင့် ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

Source - Fnatic Dota facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။