လက်ရှိ china region မှာတော့ နောက်ထပ်ကောလဟာလတစ်ခုထွက်ပေါ်နေပါတယ်။

ဒါကတော့ old eLeVeN အနေနဲ့ Yang ရဲ့နေရာမှာကစားဖို့ Vici Gaming ကို join ထားပြီးပြီဆိုတာပဲ ဖြစ်ပါတယ်။

old eLeVeN ဟာ ပြီးခဲ့တဲ့ လတုန်းကတော့ သူ့အနေနဲ့ လာမယ့် season မှာ main အသင်း EHOME ကိုပြန်ကစားမယ်လို့ ပြောထားပေမယ့် EHOME မှာက offlaner Faith_bian ရှိနေပြီးသားဖြစ်ပါတယ်။

ဒါ့ကြောင့် old eLeVeN အနေနဲ့ EHOME နဲ့စာချုပ်သက်တမ်း ရှိနေသေးပေမယ့် Vici Gaming ကိုသွားကောင်း သွားကစားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိ china region မှာ experience ကောင်းတဲ့ offlaner တွေရှားပါးနေတာကြောင့် Vici Gaming အနေနဲ့ သူတို့ရဲ့ offlaner နေရာမှာ old eLeVeN ကို player မျိုးကို အစားထိုးကောင်းထိုးနိုင်ပါတယ်။

သို့ပေမယ့် ဒါဟာ ကောလဟာတ တစ်ခုအနေနဲ့သာ ရှိသေးတာကြောင့် တကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။