Photo credit - Envy Twitter

North America region က cs:go team တစ်ခုဖြစ်တဲ့Team Envy ကတော့ လိုအပ်နေတဲ့အသင်းရဲ့ roster ကိုအားဖြည့်ဖို့အတွက် Thomas ကိုခေါ်ယူခဲ့ပြီပဲ ဖြစ်ပါတယ်။

Envy အနေနဲ့လည်း ပြီးခဲ့တဲ့ 8 လပိုင်း 6 ရက်နေ့မှာ အသင်းက players တွေဖြစ်တဲ့ ryann နဲ့ moose တို့ကိုဆုံးရှုံးခဲ့ရပါတယ်။

အဲ့အချိန်မှာတော့ coach ဖြစ်သူ LEGiJA ဟာ ကစားသမားဘဝကို ပြန်လည်ကူးပြောင်းခဲ့သလို သူ့ရဲ့ coach ​နေရာကိုလည်း kuben နဲ့အစားထိုးစေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Team Envy ဟာအသင်းနဲ့ကိုက်ညီမယ့် player တစ်ယောက်ကို လိုက်လံရှာဖွေခဲ့ပြီး နောက်ဆုံးမှာ Thomas ကိုအသင်းမှာကစားပေးဖို့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Thomas ကတော့ Endpoint မှာကစားနေတဲ့ player တစ်ယောက်ဖြစ်ပြီး Team Envy ရဲ့ကမ်းလှမ်းမှုကြောင့် ကစားဖို့ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Team Envy ရဲ့ လက်ရှိ cs:go roster အပြည့်အစုံကတော့

Noah "⁠Nifty⁠" Francis

Michał "⁠MICHU⁠" Müller

Buğra "⁠Calyx⁠" Arkın

Nikola "⁠LEGIJA⁠" Ninić

Thomas "⁠Thomas⁠" Utting

Jakub "⁠kuben⁠" Gurczynski (coach)

တို့ပဲဖြစ်ပါတယ်။

Source -Envy twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။