ပရိသတ်ကြီးရေ.....မာန်မာနကင်းပြီး အမြဲပျော်ပျော်နေတတ်တဲ့ မင်းသားချောလေးကျော်ကျော်‌ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဟာသဉာဏ်ရွှင်တဲ့သူလည်းဖြစ်ပြီး အမြဲလိုလိုသူ့ရဲ့ Facebook စာမျက်နှာမှာ ဆိုရင်လည်း အခွီစာသားလေးတွေရေးတင်တတ်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ကျော်ကျော်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ပါနော်။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc

အခုလက်ရှိမှာဆိုရင်လည်း ကျော်ကျော်ဟာ သူငယ်ချင်းဖြစ်တဲ့ ဆုမြတ်နိုးဦး၊ညီထွဋ်ခေါင်တို့နဲ့အတူ pageလေးတစ်ခုထောင်ကာ အခွီဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေရဲ့အားပေးမှု ရရှိနေတာဖြစ်ပါတယ်။ သူတို့သုံးယောက်လုံးဟာ သွေးသားရင်းတွေလိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ကျော်ကျော်တစ်ယောက်ကတော့ သူငယ်ချင်းတွေကို ပတ်စနေလေ့ရှိတဲ့သူပါ။ ကျော်ကျော်ဟာ မကြာခဏဆိုသလိုလည်း tik tokတွေကို အခွီပုံစံလေးလည်းရိုက်ကူးလေ့ရှိပါတယ်။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc

မကြာသေးမီကလည်း ကျော်ကျော်ဟာ သူ့ရဲ့ tik tok accလေးမှာ tik tokမှာရေပန်းစားနေတဲ့ သီချင်းလေးကို သွားတိုက်ရင်းအခွီပုံစံလေးလုပ်ကာ ဆိုထားတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကျော်ကျော်ကတော့ အမြဲတန်းအခွီတွေလုပ်နေတာနော်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
@2153221028

original sound - Kyaw Naing Oo

Source& video Credit-Kyaw Naing Oo's Tik Tok acc

Photo credit-Kyaw Naing Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။