ပရိသတ်ကြီးရေ Myanmar idol season (4) ရဲ့Winner ဆုကြီးကိုထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့အဆိုတော်မလေး အက်စတာ ကိုတော့ သိကြမယ်ထင်ပါတယ်။ အက်စတာ ဟာ Myanmar idol season (4) ရဲ့ ပြိုင်ပွဲတစ်လျှောက်မှာလည်း ကျရာသီချင်းတွေကို ခံစားသက်ဝင်မှုကောင်းအောင် အသံချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုထိမှန်အောင် သီဆိုနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂီတနယ်ပယ်မှာ သူမရဲ့ ကြိုးစားအားထုတ် မှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit - Kyaw Shwe Min (Dior by Heart)
Photo Credit - Kyaw Shwe Min (Dior by Heart)

အက်စတာဟာ ပြိုင်ပွဲပြီးဆုံးချိန်ကတည်းက ပြည်တွင်း ၊ ပြည်ပ ပွဲတွေကို ဖျော်ဖြေပေးနေရပြီး လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးမှာတော့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာ ပရိသတ်နဲ့ အဆက်သွယ်မပြတ်သွားအောင် နေ့စဥ်လှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို အမြဲဖော်ပြပေးပါတယ်။ယခုတစ်ခါမှာလည်း အက်စတာက မြင်သူတိုင်း ငေးမောသွားရလောက်မယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Shwe Min (Dior by Heart)
Photo Credit - Kyaw Shwe Min (Dior by Heart)

ဒီပုံလေးတွေထဲမှာတော့ အက်စတာ ဟာ လွတ်လပ်ပေါ့ပါးတဲ့ အလန်းစားဖက်ရှင်ဝတ်စုံလေးကိုဝတ်ပြီး ရင်ခုန်စရာကောင်းလောက်တဲ့ အမူအရာလေးတွေနဲ့ဖမ်းစားထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း အက်စတာက " အားလုံး စိတ်ညစ်နေမယ့်အစား မိသားစုနဲ့ပျော်ပျော်နေကြနော် သံစဥ်လေးတွေ ချစ်တို့လက်ထဲမထည့်နိုင်သေးရင်တောင် ဆုန်ဆုန်က ပုံလေးတွေနဲ့ အမြဲတမ်းအချစ်တွေဝေမျှပေးနေမယ်.....အားလုံး Stay Home/Safe နော် " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုရှိရှိ လှသွေးကြွယ်နေတဲ့ အက်စတာရဲ့ ပုံရိပ်လေးတွေကိုပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Shwe Min (Dior by Heart)
Photo Credit - Kyaw Shwe Min (Dior by Heart)

Photo Credit - Kyaw Shwe Min (Dior by Heart)

Source - Esther DCS's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။