ပရဟိတလုပ်ငန်းတွေကို အားလပ်ချိန်တိုင်း လုပ်ကိုင်နေပြီး လူတိုင်းအပေါ်မှာလည်း စိတ်ကောင်းစေတနာထားတာကြောင့် ဘယ်အလုပ်ပဲ လုပ်လုပ် အောင်မြင်နေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ လေယာဉ်မယ်အဖြစ်ကနေ သရုပ်ဆောင်အလုပ်ကို စိတ်ဝင်စားလွန်းတာကြောင့် အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd- Khin Thazin’s Facebook Account
Photo Crd- Khin Thazin’s Facebook Account
Photo Crd- Khin Thazin’s Facebook Account

သူမဟာ " အချစ်ဖွဲ့ လေညင်း " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ခင်သဇင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများတွင်လည်း ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ ဇာတ်ကားတွေကို အားပေးရန် စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ သူမဟာ အားလပ်ရက်များမှာလည်း ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd- Khin Thazin’s Tik Tok Account
Photo Crd- Khin Thazin’s Tik Tok Account
Photo Crd- Khin Thazin’s Tik Tok Account

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ခင်သဇင်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ Work Out လုပ်နေရင်းနဲ့ ကိုယ်လုံးလေးကို လှုပ်ကာ ဆွဲဆောင်မှုရှိရှိ ကနေတဲ့ ခင်သဇင်ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ခင်သဇင်ရဲ့ ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံးလေးကလည်း မြင်သူတိုင်းကို လည်ပြန်ငေးမောစေမှာ အသေချာပါပဲနော်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ခင်သဇင်ရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khin Thazin’s Facebook and Tik Tok Account 

@khinthazin0

Work out dance ##workoutchallenge ##workoutmotivation ##workfromhome

♬ No Mediocre - T.I.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။