သီတင်းကျွတ်လပြည့်နေ့ဟာ ပိတ်ရက်ဖြစ်သလို မြန်မာပြည်သူလူထုအပေါင်း ဆီမီးတွေ ပူဇော်ကာ ပျော်ပါးနေကြပါတယ်။ သို့သော်လည်း အကြမ်းဖက်မှုတွေကြောင့် ဆင်းရဲဒုက္ခခံနေရတဲ့မောင်တောမှာတော့.....

မကြာခင် အချိန်တုန်းက ဘဲ အကြမ်းဖက်မှုတွေကြောင့် မောင်တော ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး စည်းကမ်းချက်တွေ နှင့် အတူ ညမထွက်ရ အမိန့်ချမတ် ခဲ့ပါတယ်။ ကုန်စျေးနှုန်းတွေလဲ တက်ပြီးနောက်မှာ မောင်တောမှာနေထိုင်တဲ့သူတွေ ဒုက္ခများစွာ နှင့် ကြုံတွေ့နေရပြန်ပါတယ်။

ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ နေ့လေးတစ်နေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာတော့ ရန်ကုန်မြို့ကြီးမှာ ဗျောက်အိုးဖောက်သံတွေ မီးရှုးမီးပန်းလွှတ်သံတွေ ဆူညံနေတဲ့အချိန်မှာ မောင်တောမှာ နေထိုင်နေတဲ့ ပြည်သူတို့မှာ မီးပြတ်နေတဲ့ သီတင်းကျွတ်ညမှာ ညမထွက်ရ အမိန့်နှင့် အတူ ဗျောက်အိုးဆိုတာ အစအနတောင်မတွေ့ရတဲ့ နေရာမှာ ဆီမီးပူဇော်ပြီးဖြတ်သန်းနေရပါတော့တယ်။

Photo Source: DVT

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။