Photo credit - liquipedia

China region က roster အပြောင်းအလဲတွေ ရပ်တန့်လုနီးပါး ဖြစ်လာတဲ့အချိန်မှာတော့ Sccc ဟာ သူ့အနေနဲ့ pro scene ပေါ်ကနေ ခနအနားယူသွားမှာ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Sccc ဟာ မနေ့ညက streaming လုပ်နေတဲ့အချိန်မှာ သူ့အနေနဲ့ organization သစ်တစ်ခုနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အဆင်မပြေမှုတွေရှိခဲ့တာကြောင့် သူ့အနေနဲ့ ခနအနားယူသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းကို ပြောကြားခဲ့ပါတယ်။

Sccc အနေနဲ့ ဘယ် organization နဲ့ညှိနှိုင်းခဲ့တယ်ဆိုတာ မပြောကြားခဲ့ပေမယ့် ဒါဟာ core players တွေလိုအပ်နေတဲ့ LGD ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်လေးများပါတယ်။

Sccc ဟာ ပြီးခဲ့တဲ့ 1 ရက်နေ့ကမှ Team Aster နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး free agents ဖြစ်လာတဲ့ player တစ်ဦးဖြစ်သလို သူ့ရဲ့ fans တွေကလည်း season သစ်မစခင်မှာ အသင်းသစ်တစ်ခုမှာ တွေ့ရဖို့ မျှော်လင့်ခဲ့တာပဲ ဖြစ်ပါတယ်။

သို့ပေမယ့် Sccc အနေနဲ့လည်း လက်ရှိမှာ သူ့ရဲ့ ညှိနှိုင်းမှုက အဆင်မပြေခဲ့တာကြောင့် competitive break ပြုလုပ်ပီး Streaming ဘက်ကိုပဲ အာရုံစိုက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Source - Vpesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။