ပရိသတ်ကြီးရေ သရုပ်ဆောင် အဆိုတော်တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေမရိုက်တော့ဘဲ သီချင်းတွေဘက်ကိုသာ အာရုံစိုက်ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ နန်းဆုရဲ့ သီချင်းသစ်လေးတွေက ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေပြီး သီချင်းဟောင်းလေးတွေကလည်း ယနေ့အချိန်ထိတိုင်နားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်နော်။ လတ်တလောမှာဆိုရင်တော့ နန်းဆုရဲ့သီချင်းအသစ်လေးတွေကို ထွက်ရှိထားပြီး အချိန်ခဏလေးအတွင်းမှာ ပရိသတ်ရင်ထဲရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Photo credit - Zaw Myo Htet (Galaxy)
Photo credit - Zaw Myo Htet (Galaxy)
Photo credit - Zaw Myo Htet (Galaxy)

နန်းဆုကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်သလို သူမရဲ့အလှအပရေးရာကိုလည်း အထူးဂရုစိုက်တာကြောင့် ယနေ့အချိန်ထိတိုင် နုငယ်ပျိုမျစ်နေတာဖြစ်ပါတယ်။ အသားအရည်လေးကလည်း ဖြူဖွေးဝင်းမွတ်ပြီး ပြစ်မျိုးမှဲ့မထင်လှပလို့ ယောကျာ်လေးပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းတောင်ငေးမောရပါတယ်နော်။ မြန်မာဝတ်စုံလေးတွေဝတ်ရင်လည်း လိုက်ဖက်လှပသလို ခေတ်ဆန်ဆန်တွေဝတ်ရင်လည်း ကြည့်ကောင်းနေသူလေးပဲဖြစ်ပါတယ်။

Photo credit - Zaw Myo Htet (Galaxy)
Photo credit - Zaw Myo Htet (Galaxy)
Photo credit - Zaw Myo Htet (Galaxy)

ယနေ့မှာတော့ နန်းဆုက အသည်းယားစရာကောင်းတဲ့ ဂါဝန်တိုလေးကို ဝတ်ဆင်ပြီး ဓာတလဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေထဲမှာ နန်းဆုက စွယ်တော်ရွက်လေးကို ကိုင်ကာ ဓာတ်ဖမ်းထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.... ။ 

Photo credit - Zaw Myo Htet (Galaxy)
Photo credit - Zaw Myo Htet (Galaxy)
Photo credit - Zaw Myo Htet (Galaxy)

Photo credit - Zaw Myo Htet (Galaxy)

Source - Nansu Yati Soe's fb Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။