Vivo V5 Matte Black ဟာ လက်ထဲမှာ ကိုင်ရတာလည်း အံ့ဝင်ခွင်ကျ နဲ့ စမတ်ကျစေဖို့အလေးထားတီထွင်ထားတဲ့စမတ်ဖုန်းပါ။ Limited Edition အနေနဲ့ Vivo V5 Matte Black အနက်ရောင် ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၃၈ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၅၅ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၆ စင်တီမီတာ ရှိပါတယ်။
အလေးချိန်က ၁၅၄ ဂရမ်ဖြစ်ပြီး ကိုင်တွယ် အသုံးပြုချိန်မှာတော့ အလေးချိန်က မလေးလွန်း မပေါ့လွန်းတဲ့ အခြေအနေမျိုး ရှိနေပြီး ထုထည်ကလည်း မထူမပါး အခြေအနေမျိုး ရှိပါတယ်။၅.၅ လက်မရှိတဲ့ ဒီစမတ်ဖုန်းကင်မရာကတော့ အတော်လေးကောင်းမွန်မှုရှိပါတယ်။
ဖုန်းတစ်ခုလုံးကို သုံးသပ်ကြည့်မယ် ဆိုရင်တော့ Vivo V5ဟာ ဖုန်းထဲမှာ အသုံးပြုနိုင်တဲ့ Settings စနစ်တွေမှာ ပြည့်စုံကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။
ဖုန်းမှာ ပါဝင်တဲ့ မှတ်ဉာဏ်ပိုင်းနဲ့ ကင်မရာ ပိုင်းတွေမှာလည်း မြင့်မားကောင်းမွန်တဲ့ ဖုန်းပါ။ ကင်မရာပိုင်းမှာ နောက်ဘက်ကင်မရာ 13Megapixelsနဲ့ရှေ့ကင်မရာ20Megapixelsပါ။ဆယ်လ်ဖီးရိုက်ကြိုက်သူတွေအတွက်တော့များစွာနှစ်လိုဖွယ်ရာစမတ်ဖုန်းပါ။ဖုန်းမျက်နှာကလည်းနေတော်အရွယ်အစားဖြစ်နေသလိုထောက်ပံ့မှုနည်းပညာတွေကလည်းရွေးချယ်ဖို့သင့်ပါတယ်။ဖုန်းဘက်ထရီအပိုင်းကလည်း အေးဆေးစိတ်ချမ်းသားသလိုသုံးနိုင်ဖို့အပြည့်အဝရှိပါတယ်။ဖုန်းမမ်မိုရိအတွက်အပြင်ကစတစ်လိုမျိုးမမ်မိုရီအရန်ပစ္စည်းတွေနဲ့လည်းတွဲဖက်အသုံးပြုနိုင်ပါတယ်။
Vivo V5 Matte Black Specifications
Display Size 5.5 inches
Resolution 720 x 1280 pixels
Network GSM – 2G/ 3G/ 4G
SIM Dual SIM
OS Android OS, v6.0.1
CPU Octa-Core 64-bit
Memory Internal 64GB, 4GB RAM, Micro SD 128GB
Main Camera 13 MP, phase detection autofocus, LED flash,
Front Camera 20 MP, f/2.0, 1/2.8" sensor size, 1080p
WLAN Wi-Fi 802.11 a/b/g/n, WiFi Direct, hotspot
Bluetooth 4.1, A2DP, LE
Battery Li-Ion 3000 mAh Battery
Aung
သတင်းအရင်းမြစ် GSM
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။