ပရိသတ်ကြီးရေ စကားပြောဆိုရာမှာ ဟန်ဆောင်မှုမရှိ ပွင့်လင်းစွာပြောတတ်ပြီး စိတ်သဘောထားကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သံသာမိုးသိမ့်ပဲဖြစ်ပါတယ်။ သူမက ဇာတ်လမ်းတွဲတွေကို စတင်ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပီပြင်ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေတာလည်းဖြစ်ပါတယ်.......။

Photo credit - Than Thar Moe Theint's Facebook Page

သံသာမိုးသိမ့်က ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေကြတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေး သံသာမိုးသိမ့်က အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း လက်ခံရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်......။

Photo credit - Than Thar Moe Theint's Facebook Page

ဒါ့အပြင် သူမ အားလပ်တဲ့အချိန်လေးတွေမှာ လွမ်းနေတဲ့ ပရိသတ်တွေအတွက် အလှပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ သံသာမိုးသိမ့်က မိုးရေထဲမှာ ပိုစ့်​ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေအပြင် " ဘယ်လျှောက်သွားနေတာလဲ ထီးတော်မိုးလေးရေ ဒီမှာ မိုးမိပြီ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။ 

Photo credit - Than Thar Moe Theint's Facebook Page

Source & Photo credit - Than Thar Moe Theint's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။