မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ အနုပညာလောကမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့အပြင် အဆိုတော်အဖြစ်ပါအောင်မြင်မှုတွေရနေတာပဲ ဖြစ်ပါတယ် ။ သူမဟာ ဗီဒီယိုဇာတ်ကားတွေထဲမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝါဆိုမိုးဦးက ကြော်ငြာတွေအပြင် အလန်းစား photo shooting တွေ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo Credit - Warso Moe Oo fb account
Photo Credit - Warso Moe Oo fb account

ဝါဆိုမိုးဦးက အချိုးအစားလှပတဲ့ Body လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတာတဲ့ သူပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အပန်းဖြေခရီးတွေ သွားတတ်ပြီး ရောက်တဲ့နေတိုင်းမှာလည်း ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဝါဆိုမိုးဦးက လွမ်းနေတဲ့ ပရိသတ်တွေအတွက် အရင်ကချစ်စရာပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။

Photo Credit - Warso Moe Oo fb account
Photo Credit - Warso Moe Oo fb account

ဒီပုံလေးတွေထဲမှာတော့ ဝါဆိုမိုးဦးက ကိုယ်ကျပ်ဂါဝန်လေးကိုဝတ်ထားပြီး နေကာမျက်မှန်လေးကိုတပ်ကာ ချစ်စရာအမူအရာလေးတွေနဲ့ ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဝါဆိုမိုးဦးက " ခရီးတွေသွားနေရရင် ဆိုဆိုက အရမ်းပျော်တာ ခုတော့ ကိုဗစ်ကြီးကြောင့် အိမ်ပြင်တောင်မထွက်ရ " ဆိုပြီး ရေးသားပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အရင်ကခရီးသွားခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေနဲ့ ချစ်အားပိုအောင် ဖမ်းစားထားတဲ့ ဝါဆိုမိုးဦး ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Warso Moe Oo fb account

Source - Warso Moe Oo fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။