မိတ်ကပ်ပညာရှင်အဖြစ်ရပ်တည်နေတဲ့ မထက်ကတော့ အနုပညာအလုပ်လေးတွေလည်း အနည်းငယ်လုပ်ကိုင်နေပြီဖြစ်ပါတယ်။မထက်က မိတ်ဆွေ၊သူငယ်ချင်းတွေဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)၊လင်းလင်း၊မကြီးစန်းတို့နဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေအတူတူရိုက်ကူးထားတာဖြစ်ပါတယ်။မထက်ကလည်း မိတ်ကပ်လောကမှာ အောင်မြင်နေတဲ့သူတစ်ယောက်အဖြစ်ရပ်တည်နေပြီး ချစ်ခင်အားပေးကြတဲ့ ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားပါတယ်နော်။

Photo Credit: Htet's Facebook page
Photo Credit: Htet's Facebook page
Photo Credit: Htet's Facebook page

မထက်က အနုပညာရှင်အများအပြားကိုလည်း သူမကိုယ်တိုင်ပြင်ဆင်ပေးနေတာကြောင့် အနုပညာရှင်အများအပြားကလည်း မထက်ကိုချစ်ခင်ကြပါတယ်နော်။မထက်ကလည်း မိန်းကလေးပီသစွာ အရမ်းလှပပြီး အနေအထိုင်ကအစ သိမ်မွေ့နူးညံ့ပါတယ်။သူမကိုယ်တိုင်လည်း မိန်းကလေးဘဝကိုမြတ်နိုးတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကို ခွဲစိတ်ပြုပြင်ထားတာဖြစ်ပါတယ်နော်။

Photo Credit: Htet's Facebook page
Photo Credit: Htet's Facebook page

မထက်က လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်လေးကသွယ်လျလှပပြီး အရပ်မြင့်မြင့်နဲ့ အရမ်းစတိုင်လ်ကျပါတယ်နော်။မထက်ကတော့ မိန်းကလေးပီသစွာ အိမ်မှုကိစ္စလည်းနိုင်နင်းပြီး သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်ပါတယ်။အခုဆိုရင်လည်း သူမရဲ့အိပ်ခန်းလှလှလေးကို သန့်ရှင်းသပ်ရပ်သွားအောင် သူမကိုယ်တိုင်ရှင်းလင်းပြီး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Htet's Facebook page
Photo Credit: Htet's Facebook page
Photo Credit: Htet's Facebook page

Source&Photo Credit: Htet's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။